Tuesday, November 26, 2013

ပြည်တွင်းစစ်ဟာ လူမျိုးတန်းတူရေးပြဿနာကို မဖြေရှင်းနိုင်လို့ ဖြစ်ရတာဟု UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ ပြော

(24-11-2013)

ဟားခါးချင်းစာနဲ့ ကချင်စာ အက္ခရာတွေက အင်္ဂလိပ်စာလုံးတွေနဲ့ မို့လို့ ဆိုပြီး ကိုယ့်စာကိုယ် တရားဝင် သင်ယူခွင့်မပေးတာတွေ၊ ဝစာတွေက တရုတ်စာလုံးတွေမို့လို့ သင်ခွင့်မရှိတာတွေ၊ မြန်မာ့သမိုင်းတစ်လျှောက် မင်းနေပြည်တော်ပေါင်း ၂၀နီးပါးလောက်ရှိခဲ့ရက်သားနဲ့ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကျငမ်းဆိုတဲ့ စာလုံးကို မန္တလေးနန်းတော်ရဲ့ ဓာတ်ပုံတစ်ခုထဲနဲ့ တွဲတွဲပြီး ပြတာတွေ၊ တခြားတိုင်းရင်းသား ဘုရင်တွေရဲ့ နန်းတော်တွေ၊ ဓလေ့ထုံးတမ်းစဉ်လာတွေကိုတော့ တော်ရာ ချောင်ထိုး ဘေးချိတ်ထားပြီး သီဟာသနပုလ္လင်ကြီးကျတော့မှ သမ္မတ ဧည့်ခန်းမအလယ်တည့်တည့်မှာ မျက်နှာပြောင်တိုက် ထည့်ထားတာတွေ၊ အနော်ရထာ မွန်ပြည်ကို ကျူးကျော်သိမ်းပိုက်တော့ ဘုန်းလက်ရုံး ဆန့်တန်းတယ်၊ နိုင်ငံတော် တည်ထောင်တယ်လို့ သုံးပြီး အင်းဝကို ရှမ်းသိမ်းပိုက်တော့ အင်းဝပြည်အားနဲနေတုန်း အခွင့်ကောင်းယူတယ်လို့ သမိုင်းစာအုပ်ထဲ ရေးထားတာတွေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်တိုင်းပြည်လုံးက လူမျိုးပေါင်းစုံကို မတူတူအောင် အတင်း ညှိယူနေတာတွေ (ဥပမာ နွေမှာတောင် အရမ်းချမ်းတဲ့ ရှမ်းတောင်၊ ကချင်တောင်ပေါ်နဲ့၊ ချင်းတောင်တန်းတွေပေါ်က မြို့တွေမှာ မြန်မာ့ရိုးရာဆိုတဲ့ ခေါင်းစဉ်ကြီး အတင်းတပ် မြန်မာ့ရိုးရာမဟာသင်္ကြန် ဆိုပြီး အစိုးရဦးဆောင် အတင်းလုပ်နေတာတွေ၊ (အဲ့လိုကြေးဆို ကရင် ဝါးညှက်ပွဲတို့ ချင်း ကောက်သစ်စားပွဲတို့ကျတော့ အစိုးရဦးစီးပြီး နိုင်ငံနဲ့ အဝှမ်း ဘာကြောင့် လုပ်မပေးသလဲဆိုတာ မေးစရာ ဖြစ်လာပြီ)၊ ပြည်ထောင်စုတစ်ခုလုံးနဲ့ ဆိုင်ပါတယ်လို့ ကြွေးကြော်ထားတဲ့ လွှတ်တော်ကို ဆောက်တော့ မြန်မာဘုရင်တွေရဲ့ ရိုးရာ ကနုတ်တွေနဲ့ ပဲ တန်ဆာဆင်ပြီး ဆောက်တာတွေ (အတွင်းမှာလဲ မြန်မာ့ရိုးရာဆွမ်းအုပ်ပုံ ရုပ်ထုအကြီးစားတစ်ခု ဆောက်ထားသေးတယ်၊ ဆွမ်းအုပ်ကို မြင်တောင် မမြင်ဖူးတဲ့ ပြည်တောင်စုသားတွေ ပုံလို့)၊ လွှတ်တော်ရဲ့ ရှေ့တည့်တည့်မှာ ကုန်းဘောင်ဘုရင် လွှတ်တော်မှာသုံးတဲ့ ရွှေကျိုင်းကြီး ထမ်းထမ်းလာတာတွေ.... ဆက်ပြောရင် C60 ၂ခွေစာလောက် ပြောလို့ရသေးတယ်။ ပြောချင်တာက တန်းတူညီမျှအောင်လို့ဆိုပြီး ရှိသမျှ ၁၃၅ မျိုးလုံးရဲ့ ရိုးရာတွေအားလုံး အကုန်လိုက်ပြီး လေးစားပေးဖို့ ထည့်သွင်းပေးဖို့ မတောင်းဆိုပါဘူး၊ အဲ့လိုသာဆို လွှတ်တော်အမိုးပေါ်မှာ ငှက်အတောင်မွှေးတွေရော၊ ကျားအစွယ်ပုံတွေ၊ ဝက်အစွယ်ပုံတွေ၊ ဖားစည်ပုံတွေ၊ ကနုတ်တွေ အကွက်တွေနဲ့ ကြည့်လို့ ကောင်းမယ်မထင်ဘူး။ ငွေစက္ကူတွေမှာလဲ မနောကွက်တွေ၊ ရှမ်းအိုးစည်တွေ၊ ဟင်္သာတွေနဲ့ ပွစာကြဲသွားမယ်။ ဖြစ်သင့်တာက ဘယ်သူ့ ရိုးရာ ထုံးစံကိုမှ ပြည်ထောင်စုတစ်ခုလုံးနဲ့ သက်ဆိုင်သရောင်ရောင် ညစ်ကွက်ဖမ်းပြီး နိုင်ငံရေး အမြတ်မထုတ်ကြဖို့ပဲ (ဘုန်းတော်ကြီးကျောင်းတွေမှာ ကနုတ်တွေနဲ့၊ ဗုဒ္ဓဝင်ရုပ်လုံးရုပ်ကြွတွေနဲ့ တန်ဆာဆင်တာမျိုးကိုတော့ ဘယ်တိုင်းရင်းသားကမှ မလိုလားနိုင်ပဲ မရှိလောက်ပါဘူး၊ ပြည်ထောင်စုတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကိုသာ အဓိကထား ပြောနေရတာ)ရခိုင်ပြည်နယ်မှာ ဓာတ်ငွေ့တွေ သေလောက်အောင်ထွက်ပြီး ရခိုင်သားတွေ လျှပ်စစ်မီတာ ၁ယူနစ် ၅၀၀ ပေးသုံးရတယ်ဆိုတာ လူကြားလို့တောင် မကောင်းဘူး။ တစ်ကယ်လို့ ရခိုင်ပြည်နယ်ကို ရခိုင်လူမျိုးကပဲ ထိရောက်ကျယ်ပြန့်တဲ့ လုပ်ပိုင်ခွင့်နဲ့ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ဒီလို ရုပ်ပျက်ဆင်းပျက်တွေလဲ ဖြစ်နေစရာ အကြောင်းမရှိတော့ဘူး။ သူစိမ်းကကိုယ့်ကို ချစ်တယ်ဆိုတာ အမျိုးချင်းချင်း မုန်းသလောက်ပဲရှိပါသေးတယ်။
 
— with Aow Kou Rot

0 comments: