ဓါတ်ပုံ - ဂျေပိုင် / ဧရာဝတီ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အစည်းအဝေးကို တက်ဖို့အတွက် ရန်ကုန်မြို့ကို ရောက်နေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ဟာ နိုဝင်ဘာ ၁၈ရက်နေ့မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ကရင်ပြည်နယ် ဘားအံမှာကျင်းပဖို့ရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ မြန်မာအစိုးရကြား ညီလာခံအတွက် အစိုးရရဲ့ မူကြမ်းတွေကို သုံးသပ်နေပြီး ဆွေးနွေးမယ့်အချက်အလက်တွေကို ပြင်ဆင်ဖို့ ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ရန်ကုန်မြို့ Business Alliance ဟိုတယ်မှာ ပြောဆိုခဲ့ပါတယ်။
တိုင်းရင်းသားလူမျိုးများရဲ့ တန်းတူညီမျှတဲ့အခွင့်အရေးကို အခြေခံတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ လိုင်ဇာနဲ့ မြစ်ကြီးနားဆွေးနွေးချက်တွေကို ပြန်လည်သုံးသပ်မှာဖြစ်တယ်လို့ဆိုပါတယ်။
ရန်ကုန်မြို့ကိုရောက်လာတာဟာ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေကို အကြမ်းဖျဉ်း ဆွေးနွေးဖို့ဖြစ်ပြီး လာမယ့် ဘားအံညီလာခံကြီးအတွက် မြစ်ကြီးနားက ဒေသခံတွေနဲ့ တွေ့ဆုံမယ့်အကြောင်း၊ ရလဒ်ကောင်းတွေ ပေါ်ထွက်လာဖို့ ရန်ကုန်ကိုလာတာဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ် ဂွမ်မော်ဟာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ မနက်ပိုင်းမှာ တွေ့ဆုံခဲ့ပြီး KIA ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ မြန်မာအစိုးရတပ်ကြား ၂ဝ၁၁ခုနှစ် ဇွန်လကစပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ပြုလုပ်ခဲ့ချိန်ကစပြီး ကြီးမားတဲ့ တိုက်ပွဲတွေ မဖြစ်ခဲ့ပေမယ့် တိုက်ပွဲငယ်တွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
သတင်းရင်းမြစ် - ကမာရွတ်
0 comments:
Post a Comment