Sunday, November 17, 2013

တအန်းတပ်စခန်းများသို့ မြန်မာတပ်များဆက်လက် ထိုးစစ်ဆင်

၁၇ ရက် နိုဝင်ဘာလ ၂၀၁၃ ခုနှစ်

မြန်မာတပ်မတော် ခလရ ၁၁၄၊ ခမရ ၅၀၆နှင့် ခမရ ၅၀၃ စစ်ကြောင်းတို့သည် နမ့်ဆန်မြို့နယ် နှင့် မန်တုံမြို့နယ် တွင်အခြေစိုက်နေသော တအန်းတပ်မတော် တပ်ရင်း ၂၅၆ နှင့် တပ်ရင်း ၃၆၇ တို့အား ၁၃၊ ၁၄ နှင့် ၁၆ ရက်တို့တွင် ဆက်လက်ထိုးစစ်ဆင်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြရာ မြန်မာတပ်ဖွဲ့ဝင်များ အနည်းဆုံး ၅ ဦးကျဆုံးပြီး ၆ ဦး ဒါဏ်ရာ ရရှိခဲ့သည်။...

၁၃ ရက် နိုဝင်ဘာလတွင် နမ့်ဆန်မြို့နယ် တာလဲတ်နှင့်ကလန်ဒါန်းရွာအကြားရှိ TNLA တပ်ရင်း ၂၅၆ တပ်စခန်းသို့ မြန်မာတပ် ခမရ ၅၀၆ နှင့် ၅၀၅ တို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ပြီး ထိုးစစ်ဆင်လာသဖြင့် ပြန်လှန်ပစ်ခတ်ရာ ညနေ ၁၅း၀၀ နာရီမှ ၁၅း၄၅ နာရီခန့်ထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် မြန်တပ်ဖက်မှ ၂ ဦးကျဆုံးပြီး ၃ ဦး ထိခိုက်ဒါဏ်ရာရရှိ ခဲ့သည်။

၁၄ ရက် နိုဝင်ဘာလတွင် နမ့်ဆန်မြို့နယ် တာလဲတ်နှင့် ဟိုလရွာအကြားရှိ TNLA တပ်ရင်း ၂၅၆ တပ်စခန်းသို့ မြန်မာတပ် ခမရ ၅၀၆ နှင့် ၅၀၅ တို့ဆက်လက်စစ်ဆင်ရာ ညနေ ၁၅း၀၀ နာရီမှ ၁၅း၃၀ ခန့်ထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာဖက်မှ ၁ ဦးကျဆုံး ၂ ဦးဒါဏ်ရာရရှိခဲ့သည်။

၁၆ ရက်နေ့ နိုဝင်ဘာလတွင် မန်တုံမြို့နယ် မန်မောက်နှင့် တန်တေရွာအကြားရှိ TNLA တပ်ရင်း ၃၆၇ တပ်စခန်းသို့ မြန်မာတပ် ခမရ ၁၁၅ နှင့် ခလရ ၁၃၀ တို့ အတင်းထိုးစစ်ဆင်တိုက်ခိုက်ရာ နံနက် ၆း၃၀ နာရီမှ ၇း၃၀ နာရီခန့်ထိ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ဝင် ၂
ဦးကျဆုံးပြီး ၁ ဦးထိခိုက်ဒါဏ်ရာ ရရှိခဲ့သည်။

TNLA တအန်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုများမရှိပါ။ သို့သော် မန်မောက်နှင့်တန်တေရွာအကြားရှိ ပြောက်ကျားစခန်းငယ်မှ အခြားတနေရာသို့ရွေ့ပြောင်းလိုက်ရပြီး မြန်မာတပ်မတော်၏ ထိုးစစ်ကို ခုခံရန် စောင့်ဆိုင်းနေလျှက်ရှိသည်။

တိုက်ပွဲကာလတွင် မြန်မာတပ်ဖွဲ့ဖက် ထိခိုက်ကျဆုံးမှုကို အတိအကျ ရရှိနိုင်ရန် ခက်ခဲပြီး တိုက်ပွဲအတွင်း ရန်သူကျဆုံးမှုကို သေချာမြင်တွေ့ခဲ့သည့်ထိခိုက်ကျဆုံးမှုကိုသာ သိရှိနိုင်သည်။ လွန်ခဲ့သော အောက်တိုဘာလတွင် နမ့်ဆန်မြို့အနီး ပန်အလောက်ရွာပြင်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲ၌ မြန်မာတပ်ဖွဲ့ ၃ ဦးကျဆုံးခဲ့သည်ဟု တွေ့မြင်ပြီး သတင်းပို့ခဲ့သော်လည်း နောက်ပိုင်း ဒေသခံများနှင့်သက်ဆိုင်ရာများပြောပြချက်အရ ထိုတိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ ၁၂ ဦး ကျဆုံးပြီး ၅ ဦး အပြင်းအထန်ထိခိုက်ဒါဏ်ရာရရှိခဲ့ကြသည်။

မြန်မာတပ်များသည် တအန်းတပ်ဖွဲ့ ပျောက်ကျားစခန်းသို့ ဆက်မတက်ဝံ့ပဲ တဘက်တောင်ကုန်းတွင် ဆက်လက်နေရာယူနေဆဲရှိပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားမည့် အနေအထားရှိနေဆဲဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A


0 comments: