Thursday, November 14, 2013

ရပ်စောက်မြို့နယ်တွင် တအာင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီရုံး ဖွင့်ပွဲအခမ်းအနားကျင်းပ


 
 14 November 2013
 
၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဘောင်းဘို့ကျေးရွာ၊ ဘောင်းဘို့အုပ်စု၊ ရပ်စောက်မြို့နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်းတွင် တအာင်း(ပလောင်)စာပေနှင့် ယဉ်ကျေးမှု ကော်မတီရုံးဖွင့်ပွဲအခမ်းအနားကို ခမ်းနားစွာ ကျင်းပခဲ့သည်။
 
အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်စိုးနိုင်၊ ရပ်စောက်မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူးဦးခွန်ကျော်မိုး၊ ဓနုကိုယ်ပိုင်အုပ်ချုပ့်ရဒေသဦးစီးအဖွဲ့ဝင် ဦးကိုကို၊ ဓနုစာပေနှင့်ယဉ်ကျေးမှု အတွင်းရေးမှူး ၊ပလောင်တိုင်းရင်းသားအဖွဲ့ ဒုတိယဥက္ကဌ တားခွန်ရီ၊ မန်တုံဌာနေပြည်သူ့စစ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဌတားဝင်းကျော် ဦးဆောင်သော နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ မန္တလေးနှင့် မန်တုံ စသောမြို့နယ်အသီးသီးမှ တအာင်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဌ၊ လူထုအခြေပြုအဖွဲ့ဖြစ်သော တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ နှင့် တအာင်းအမျိုးသမီးအဖွဲ့တို့ကလည်း စိတ်အားတက်ကြစွာ တက်ရောက်ခဲ့ကြပြီး ပလောင်တိုင်းရင်းသား ဒုတိယဥက္ကဌ တားခွန်ရီမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
 
ထို့နောက် ရပ်စောက်မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်မိုး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌတားဝင်းကျော်၊ ဓနုစာပေနှင့်ယဉ်ကျေးမှု အတွင်းရေးမှူး တို့ကလည်း အမှာစကား ပြောကြား ခဲ့သည်။ ထိုအခမ်းအနားတွင် ပလောင်တိုင်းရင်းသား(PSLA)ငြိမ်းချမ်းရေးအဖွဲ့ နှင့် မန်တုံ ဌာနေပြည်သူ့စစ်၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီဥက္ကဌ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ မန္တလေး၊ ကွတ်ခိုင် နှင့် မန်တုံ စသောမြို့နယ်အသီးသီးမှ တအာင်းပလောင် စာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဌတို့က ရပ်စောက်မြို့နယ် တအာင်းပလောင် စာပေယဉ်ကျေးမှု ကော်မတီ ရုံးဖွင့်ပွဲ အခမ်းအနားအတွက် စုစုပေါင်း အလှူငွေ ကျပ် ၄၅၀၀၀၀ ပေးအပ်လှူဒါန်းရာ ရပ်စောက်မြို့နယ် တအာင်းပလောင် စာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ဦးအောင်နေ နှင့် ရပ်စောက်မြို့နယ် ငှက်ပျောကျင်းကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သော ဦးမိုင်းမောင်ကျော်တို့ကလည်း ရပ်စောက်မြို့နယ်
တအာင်းပလောင် စာပေနှင့်ယဉ်ကျေးမှု အထိမ်းအမှတ်အလံတို့ကို ပြန်လည် ချီးမြှင်ခဲ့ပါသည်။
 
ဆက်လက်ပြီး ရပ်စောက်မြို့နယ် တအာင်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီကိုယ်စား ဦးမိုင်းမောင်ကျော်မှ ရပ်စောက်မြို့နယ် တအာင်းပြည်သူလူထုဧ။် ပညာရေး၊ ကျန်းမာရေး စသော အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ အခမ်းအနားတွင် ရပ်စောက်မြို့နယ်မှ တအာင်းဒေသခံပြည်သူ ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
 
Copy from .palaungland.org

0 comments: