Friday, November 29, 2013

တရုတ်ကာကွယ်ရေးဇုန်သစ်ထဲ ဂျပန်နဲ့ တောင်ကိုးရီးယား ဖြတ်ကျော်


 နိုဝင်ဘာ ၂၉ ရက် ၂၀၁၃

တရုတ်နိုင်ငံ သတ်မှတ်လိုက်တဲ့ လေကြောင်းကာကွယ်ရေးဇုန်သစ်ထဲကို ဂျန်ပန်နဲ့ တောင်ကိုးရီးယား နှစ်နိုင်ငံက စစ်ရဟတ်ယာဉ်တွေက ဖြတ်ကျော် ပျံသန်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

မကြာသေးခင်ကပဲ အငြင်းပွားနေတဲ့ အရှေ့တရုတ်ပင်လယ်ပြင်ကို တရုတ်နိုင်ငံက လေကြောင်းကာ ကွယ်ရေးဇုန်အသစ်အဖြစ် ကြေညာခဲ့ပြီး အဲဒီအပေါ်ကို ဖြတ်သန်းသွားတဲ့ ဘယ်ယာဉ်မျိုးမဆို တရုတ် နိုင်ငံကို အသိပေးရမယ်လို့ ပါရှိပါတယ်။

မကြာခင်ကလည်း အမေရိကန် ဗုံးကျဲလေယာဉ် B-52 နှစ်စဉ်းကလည်းအဲဒီ သတ်မှတ်ဇုန်ထဲကို တရုတ်နိုင်ငံကိုအသိမပေးပဲ ဖြတ်ကျော် ပျံသန်းခဲ့ပါတယ်။ ဒီလို လေကြောင်း ကာကွယ်ရေးဇုန် သတ်မှုကြောင့် တရုတ်နိုင်ငံကို သြစတြေးလျနိုင်ငံအပါအ၀င် နိုင်ငံတော်အများများက ဝေဖန်နေကြတာ
ဖြစ်ပါတယ်။

တရုတ်နိုင်ငံက အခုလို လေကြောင်းကာကွယ်ရေးဇုန်သစ် သတ်မှတ်တာဟာ လက်ခံနိုင်စရာမရှိဘူးလို့ သြစတြေးလျ ဝေဖန်ပြောဆိုလိုက်တဲ့အပေါ် တရုတ်နိုင်ငံခဲ့ ရှုတ်ချခဲ့ပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံက အငြင်းပွားနေတဲ့ နေရာမှာ ကာကွယ်ရေးဇုန်သစ်သတ်မှတ်ပြီး ရန်လိုတဲ့အပြုအမူမျိုးလုပ်တာဟာ သြစတြေးလျရဲ့ ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုဖို့ အရေးကြီးတယ်လို့ သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ် Tony Abbott က ပြန်လည် တုံ့ပြန်လိုက်ပါတယ်။

Copy from - ABC Radio

0 comments: