
နိုဝင်ဘာလ 15 ရက် 2013 ခုနှစ်
အစိုးရတပ်များက တိုင်းရင်းသားတပ်ပေါင်းစု နှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားသည့်နောက်ပိုင်း သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်းယုမြို့နယ်ခွဲ ကျေးလက်ရွာသားတဦးအား သျှမ်းသူပုန် အဆက်ဟု ဆိုကာ ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
အစိုးရတပ် ခလရ ၄၅၊ ၁၂၃ ၊ ၁၄၅ ပူးပေါင်းတပ်များက ကွတ်ခိုင်မြို့နယ် မိုင်ယုမြို့နယ်ခွဲ မန့်ဟိုခိုရွာ နေထိုင်သူ စိုင်းနော် အသက် ၃၃ နှစ်အား သျှမ်းသူပုန်များ၏ အမာခံလူဟုဆိုကာ နိုဝင်ဘာ ၁၂ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများကပြောသည်။
“သူတို့က စိုင်းနော်ကို သျှမ်းသူပုန်ရဲ့အဆက် ၊ အမာခံလူ၊ လူသစ်တွေစုပေးတယ်ဆိုပြီး ဖမ်းသွားတယ်။ နောက်ပြီး စိုင်းနော်ကို တပ်ပြေးတွေကိုလိုက်ဖမ်းပြီး
စိုင်းနော် ၌ ဇနီးနှင့်သားသမီး ၃ ဦးရှိကြောင်း၊ အိမ်ထောင်ဦးစီးမရှိသောကြောင့် မိသားစုတောင်ယာလုပ်ငန်း နှင့် စားဝတ်နေရေးရေးအတွက် အခက်အခဲဖြစ် နေကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းတဦးက ပြောသည်။
“သူ့မိသားစုက အရမ်းစိတ်ပူနေတယ်။ ဘယ်မှာ သွားရှာရမှန်းလဲမသိဘူး။ သူက ပြောင်းခံလုပ်တယ်။ တောင်ယာစပါးစိုက်တယ်။ ကျနော်တို့ သိတာတော့ သူက သာမာန်အရပ်သားဘဲ။ သူ့ကို လက်နက်ကိုင်တဲ့
အဖွဲ့လို့ တခါမှ မကြားဖူးဘူး” - ဟု အိမ်နီးနားချင်းတဦးကပြောသည်
အဆိုပါဒေသဘက်သွားရောက်လှုပ်
၎င်းတို့နှင့်အတူ လှုပ်ရှားနေသည့် ပလောင်အမျိုးသားလွတ်မြောက်ေ
သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်သတင်း
0 comments:
Post a Comment