
၂၂ ရက် နိုဝင်ဘာလ ၂၀၁၃ ခုနှစ်
မြန်မာတပ်မတော် ခလရ ၄၅၊ ၁၄၃ နှင့် ၂၉၀ ပူးပေါင်းစစ်ကြောင်းတို့သည် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာအုပ်စု ဂျရမ်းရွာအထက်တောတန်းတွင် ပျောက်ကျားအခြေစိုက်နေသော တအန်းတပ်မတော် တပ်ရင်း ၁၁၂ အား အပြင်းအထန် ထိုးစစ်ဆင်သဖြင့် ညနေ ၁၆း၃၀ နာရီခန့်မှ ၁၈း၃၀ နာရီ မိုးချုပ်သည်အထိ အပြင်းအထန်တိုက်ပွဲဖြစ်ပွား ခဲ့သည်။
ညနေ ၁၅း၀၀ နာရီခန့်မှစတင်၍ လက်နက်ကြီးများဆက်တိုက်ပစ်ခ တ်ပြီး တအန်းတပ်ရှိရာတောင်ကုန်းသို့  အပြင်းအထန်ထိုးစစ်ဆင်လာရာ ၁၆း၃၀ နာရီခန့်တွင် တအန်းတပ်ထောင်ထားသည့် ရှေ့ထွက်မိုင်း ၁၀ လုံးကျော် ပေါက်ကွဲကာ မြန်မာတပ်ဖွဲ့မှ အနဲဆုံး ၁၀ ဦးကျော်ကျဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒါဏ်ရာရရှိခဲ့ကြသည်။
ထိုနောက် ရှေ့ဘက်သို့ကျွံပြီးရောက်လာ သော မြန်မာတပ်ဖွဲ့ ခလရ ၄၅ ၏ ရှေ့ထွက်ပွိုင့်တပ်ဖွဲ့နှင့်  တအန်းတပ်ဖွဲ့တို့ စတင်ပစ်ခတ်ကြပြီး၊ မိုင်းထိပြီး ထိခိုက်ကျဆုံးသောတပ်ဖွဲ့ဝင် များအား ကူညီရင်းလင်းရန် မြန်မာ ပူးပေါင်းတပ်တို့ ဆက်တိုက် ထိုးစစ်ဆင်လာခဲ့သည်။
ထို မြန်မာပူးပေါင်းတပ်တို့သည် တအန်းတပ်ဖွဲ့၏ ပြောက်ကျားစခန်းကို သိမ်းပိုက်ရန် လက်နက်ကြီးများ ဆက်တိုက်ပစ်ပြီး အတင်းထိုးတက်ခဲ့သော်လည်း မိုးချုပ်သည်အထိ ကျဆုံးဒါဏ်ရာရသူများ များပြားလာသဖြင့် နောက်ပြန်ဆုတ်ကာ ညနေ ၁၈း၃၀ နာရီခန့်တွင် တိုက်ပွဲအဆုံးသတ်ခဲ့သည်။
ခလရ ၁၄၅ နှင့် ၁၄၃ မှ တပ်ဖွဲ့တချို့တို့သည် ထိုဂျရမ်းရွာ မြောက်ဘက်ရှိ ဂျုံနောရွာတွင် ဝင်ရောက် နားခိုလျှက်ရှိပြီး တိုက်ပွဲဖြစ်ပွားရာတောင်ပေါ် သို့ အချိန်မီ စစ်ကူမရောက်နိုင်ခဲ့ပေ။
ပြည်သူ့စစ်အပါအဝင် အင်အား ၃၀၀ ခန့်ရှိသော ထိုမြန်မာစစ်ကြောင်းသည် ထိုတိုက်ပွဲဖြစ်ပွားရာနေရာမှ ဆုတ်ခွာကာ သာပန်းကုန်းတောင်ပေါ်အနီး ဝါရော့ရွာသို့ ပြန်လည်တပ်ဆုတ်ခဲ့ကြသည်။ ထိခိုက်ဒါဏ်ရာရရှိသူ ၂၀ ကျော်မှ ဒါဏ်ရာပြင်းထန်သူ ၁၀ ဦးကျော်ကို ငေါ့ငှားရွာဘက်မှတဆင့် နမ့်ဖက်ကာဖက်သို့ သယ်ဆောင် ဆေးကုသမည် ဖြစ်သည်။
တအန်းတပ်မတော် တပ်ရင်း ၁၁၂ သည် ထိုပြောက်ကျားစခန်းတွင် ဆက်လက်တပ်စွဲလျှက်ရှိပြီး မြန်မာ ပူးပေါင်းတပ် ထပ်မံတက်အလာကို စောင့်ဆိုင်းနေလျှက်ရှိသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A
မြန်မာတပ်မတော် ခလရ ၄၅၊ ၁၄၃ နှင့် ၂၉၀ ပူးပေါင်းစစ်ကြောင်းတို့သည်
ညနေ ၁၅း၀၀ နာရီခန့်မှစတင်၍ လက်နက်ကြီးများဆက်တိုက်ပစ်ခ
ထိုနောက် ရှေ့ဘက်သို့ကျွံပြီးရောက်လာ
ထို မြန်မာပူးပေါင်းတပ်တို့သည် တအန်းတပ်ဖွဲ့၏ ပြောက်ကျားစခန်းကို သိမ်းပိုက်ရန် လက်နက်ကြီးများ ဆက်တိုက်ပစ်ပြီး အတင်းထိုးတက်ခဲ့သော်လည်း မိုးချုပ်သည်အထိ ကျဆုံးဒါဏ်ရာရသူများ များပြားလာသဖြင့် နောက်ပြန်ဆုတ်ကာ ညနေ ၁၈း၃၀ နာရီခန့်တွင် တိုက်ပွဲအဆုံးသတ်ခဲ့သည်။
ခလရ ၁၄၅ နှင့် ၁၄၃ မှ တပ်ဖွဲ့တချို့တို့သည် ထိုဂျရမ်းရွာ မြောက်ဘက်ရှိ ဂျုံနောရွာတွင် ဝင်ရောက် နားခိုလျှက်ရှိပြီး တိုက်ပွဲဖြစ်ပွားရာတောင်ပေါ်
ပြည်သူ့စစ်အပါအဝင် အင်အား ၃၀၀ ခန့်ရှိသော ထိုမြန်မာစစ်ကြောင်းသည် ထိုတိုက်ပွဲဖြစ်ပွားရာနေရာမ
တအန်းတပ်မတော် တပ်ရင်း ၁၁၂ သည် ထိုပြောက်ကျားစခန်းတွင် ဆက်လက်တပ်စွဲလျှက်ရှိပြီး မြန်မာ ပူးပေါင်းတပ် ထပ်မံတက်အလာကို စောင့်ဆိုင်းနေလျှက်ရှိသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A
0 comments:
Post a Comment