
"အစိုးရမှ ပေးအပ်ထားသော မူကြမ်းတွင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွတ်ရန်နှင့် အတိတ်ဖြစ်ရပ်များအပေါ် တစ်ဦးနှင့် တစ်ဦး အပြစ်မတင်ဘဲ နားလည်မှု နှင့်ယုံကြည်မှုတည်ဆောက်ကာ ငြိမ်းချမ်းရေးအဖြေများကို ရာဖွေရန် ဆိုသည့် အချက်သည့် နိဒါန်းတွင်ပါရှိသည်။" နှစ်ဖက်အဖွဲ့မှရေးဆွဲထားသည့် မူကြမ်း အပြန်အလှန်ပေးအပ်ပြီး နောက် ဒီဇင်ဘာ လဆန်းတွင် ကရင်ပြည်နယ် ဖာအံမြို့တွင်... ယခုကဲ့သို့ ညီလာခံပြန်လည်ကျင်းပရန် သဘောတူခဲ့ပြီး ဆွေးနွေးပွဲအား ရပ်နာခဲ့ကြသည်။
လိုင်ဇာဆွေးနွေးပွဲရလဒ်နှင့် မြစ်ကြီးနားဆွေးနွေးပွဲရလဒ်များ ဆွေးနွေးပွဲ မတက်နိုင်ခဲ့သည် တိုင်းရင်းသားများထံ သွားရောက်ကာ ရှင်းပြသွားမည်ဖြစ်ပြီး နောက်ညီလာခံတွင်ပါလာနိုင်အောင် ပြုလုပ်သွားမြည်ဖြစ်ကြောင်းလည်း သိရသည်။
တနိုင်ငံလုံးဆိုင်းရာ အပစ်အခတ်မူကြမ်းအား အစိုးရမှ အစည်းအဝေး ပထမနေ့တွင် တိုင်းရင်းသား လက်နက်ကိုင်များအား ပေးအပ်ခဲ့ပြီး ၄င်း မူကြမ်းအား လေ့လာသုံးသပ်ရန် KNU နယ်မြေတွင် တိုင်းရင်းသား လက်နက်ကိုင်များသီးသန့် အရင်တွေ့ဆုံမည်ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲပြီးမှ တိုင်းရင်းသားများနှင့် အစိုးရတို့ ဖာအံမြို့တွင်ပြန်လည်တွေ့ဆုံမည်ဖြစ်သည်။
အစိုးရမှ ပေးအပ်ထားသော မူကြမ်းတွင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွတ်ရန်နှင့် အတိတ်ဖြစ်ရပ်များအပေါ် တစ်ဦးနှင့် တစ်ဦး အပြစ်မတင်ဘဲ နားလည်မှု နှင့်ယုံကြည်မှု တည်ဆောက်ကာ ငြိမ်းချမ်းရေး အဖြေများကို ရာဖွေရန် ဆိုသည့် အချက်သည့် နိဒါန်းတွင်ပါရှိသည်။
နှစ်ရက်ဆွေးနွေးမှုတွေ ဘာတစ်ခုမှတိကျသည့် ဆုံးဖြတ်ချက်မချနှိုင်ကြောင်းလည်းသိရသည်။
0 comments:
Post a Comment