Sunday, November 10, 2013

ရန်ကုန်တိုင်းအခြေခံဥပဒေပြင်ဆင်ရေးဆန္ဒခံယူပွဲကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရန်ကုန်တိုင်းအခြေခံဥပဒေပြင်ဆင်ရေးဆန္ဒခံယူပွဲ ကို ယနေ့ ၁၀၊၁၁၊၂၀၁၃ ရက် ညနေ ၃နာရီတွင် ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်အားကစားကွင်းတွင် ကျင်းပခဲ့ရာအဖွဲ့ဝင်များနှင့်ပြည်သူလူထု နှစ်သောင်းကျော် တက်ရောက်ခဲ့ကြသည်။
 
အခမ်းအနားတွင် သဘာပတိအဖြစ် နာယကဦးတင်ဦးမှဆောင်ရွက်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးချက်များအား အဖွဲ့ချုပ် အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဝင် ဦးကိုနီနှင့် အဖွဲ့ချုပ်မှ ဦးကျော်ဟိုးတို့က ရှင်းလင်း တင်ပြကြသည်။
 
ထို့နောက် တက်ရောက်လာကြသော လူထုပရိသာတ်ကြီးအား ဆန္ဒခံယူခဲ့ရာ ၉၉%က အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံကြပြီး ၁%မှအသစ်ပြင်ဆင်ရေးကို ဆန္ဒပြုခဲ့ကြသည်။ ညနေ၆၃၀နာရီတွင် အခမ်းအနားကိုအောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာခဲ့သည်။

0 comments: