Friday, November 1, 2013

ဂုဏ်ယူပါသည် ယူအင်န်အက်ဖ်စီ

mmm


ဝနှင့်မိုင်လားကလွဲပြီး တိုင်းရင်းသားလက်နက်ကိုင်အားလုံး စုစည်းမိနိုင်သည့် ညီလာခံတစ်ခုကို ပြပါဆိုလျှင် လိုင်ဇာညီလာခံကို ပြရပါမည်။ ဝနှင့်မိုင်လားတို့ တက်ရောက်နိုင်ခြင်းမရှိသော်လည်း အများ၏ ဆုံးဖြတ်ချက်များကိုမူ လေးစားလိုက်နာမည်ဟု ယုံကြည်မိသည်။ ဆုံးဖြတ်ချက်များကို ဝနှင့်မိုင်လားတို့ကို လေးစားစွာ အကြောင်းကြားပေးရန်ရှိသည်ဟု UNFC ဒုတွင်း ခွန်ဥက္ကာက မိန့်ဆိုထားသည်။

လိုင်ဇာညီလာခံ...မှ မည်သည့်ဆုံးဖြတ်ချက် ချနိုင်ခဲ့သည်ပင် ဖြစ်စေ ညီညွတ်ရေးတည်းဟူသော ပင်စည်မှ ဖြာထွက်လာမည့် မတူကွဲပြားအကိုင်းအခက်များပေါ်တွင် ငြိမ်းချမ်းခြင်းတရား ပွင့်တန်ပွင့်၊ သီးတန်သီး၍ ရှုမငြီးဖွယ် ပြည်ထောင်စုအလှတစ်ခုသာ ဖြစ်ပါတော့သည်။

အထူးသဖြင့် ဤပွဲကို UNFC က ဦးဆောင်ကျင်းပနိုင်ခဲ့သဖြင့် ပြည်တွင်းနိုင်ငံရေးအင်အားစုများနှင့် နိုင်ငံတကာမိသားစုတို့ကြားတွင် UNFC ၏ ဂုဏ်သတင်း မွှေးပျံ့သင်းလျက်ရှိပေသည်။ ဂုဏ်ယူပါသည် ယူအင်န်အက်ဖ်စီ။ ဂုဏ်ယူမိပါသည်။

0 comments: