Wednesday, October 23, 2013

အစိုးရတပ်နှင့်TNLA တအာင်းတပ်မတော် တိုက်ပွဲရက်ဆက်ဖြစ်နေ

T.N.L.A တအာင်း တပ်မတော်
အောက်တိုဘာလ ၂၂ ရက် ၂၀၁၃-ခု

ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့တွင် အစိုးရတပ်ရင်း ခ.လ.ရ (၄၅)နှင့် T.N.L.A တအာင်း တပ်မတော်တို့  ကွတ်ခိုင်မြို့နယ် ငေါးငါးကျေးရွာတွင်တိုက်ပွဲ (၂) ကြိမ်တိတိ ဖြစ်ပွားခဲ့သည်။

ငေါငါးရွာထိပ်နှင့် နမ်းဟွန်းချောင်းတွင်ဖြစ်ပွားခဲ့ကြောင်း အစိုးရတပ်မှ TNLAအား လိုက်လံတိုက်ခိုက်ရာမှ တိုက်ပွဲ ဖြစ်ပွားကြောင်းသိရသည်။

“ဒီနေ့ တိုက်ပွဲဖြစ်တာတော့ ၂ ကြိမ်ဗျာ့၊ နေ့လည် ၁၂ နာရီခွဲကနေ ၁ နာရီတွင်းမှာ တစ်ကြိမ်ရွာ ထိပ်မှာဖြစ်ပြီးတော့ ကျတော်တို့က ရွာနဲ့တအားနီးတော့ ရွာသားတွေကို မထိခိုက်စေချင်လို့ ရှောင်ခဲ့ပေမယ့် သူတို့တွေ လိုက်လံတိုက်ခိုက်တာကြောင့် နေ့လည် ၁ နာရီ နမ်းဟွန်းချောင်း အရောက်မှာ ၁ နာရီခွဲ နီးပါး တိုက်ခိုက်မှုတွေ ပြန်ဖြစ်သွားတယ်” ဟု TNLA တပ်ရင်းမှူး တားဝိန်းမာဝ်းမှပြောသည်။

နမ်းဟွန်းချောင်းသည် ငေါငါးရွာနှင့်  ၁-မိုင်ခန့်ကျော်ခန့်ကွာဝေးပြီး ငေါငါးရွာနှင့်ဖါဖိန်းရွာ အကြားတွင် တည်ရှိသည်။

၎င်းတိုက်ပွဲတွင် အစိုးရတပ်မှ အထိအခိုက် ကျဆုံးမှု မသိရသေး၊ TNLA ဘက်မူ ထိခိုက်မှု မရှိ ကြောင်းသိရသည်။

ယနေ့တိုက်ပွဲသည် TNLAနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတို့ တရုတ်နယ်စပ် မူဆယ်မြို့တွင် တွေ့ဆုံးပြီးနောက် (၁၉)ကြိမ်မြောက်တိုက်ပွဲဖြစ်သည်။

သတင်းနှင့်ပြန်ကြာရေးရေးဌာန
P.S.L.F/T.N.L.A

0 comments: