Tuesday, October 1, 2013
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ တိုင်းရင်းသားပါတီအဖွဲ့တို့အကြား မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း ဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီမှု မရခဲ့ဘူးလို့ သိရပါတယ်။
NLD ပါတီက စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုလားနေချိန်မှာ တိုင်းရင်းပါတီတွေက အခြေခံဥပဒေကို လုံးဝအသစ်ရေးဆွဲဖို့ လိုလားနေတာ ဖြစ်ပါတယ်။
တိုင်းရင်းသားတွေကတော့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ဖက်ဒရယ် ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့အတွက် အချိန်ယူပြီး ပြင်ဆင်မယ့်အစား အသစ်ရေးဆွဲရင် ပိုမြန်မယ်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။
NLD ပါတီကတော့ ရွေးကောက်ပွဲမဝင်ခင်ကတည်းက ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံပြီး အခြေခံဥပဒေကို ပြင်ဆင်သွားမယ်လို့ ပြောခဲ့တဲ့အတွက် ခုချိန်ထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဥပဒေတွေ ရှိနိုင်ဖို့ ပြင်ဆင်ရေးဆွဲဖို့ လိုလားကြောင်း စနေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
Copy from - ABC Radio Australia
0 comments:
Post a Comment