
အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ကြားဆွေးနွေးပွဲသဘောတူ ညီချက်အရ KIO ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်များ ပါဝင်သော တနိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေးကိစ္စ ဆွေးနွေးပွဲကို အောက်တိုဘာလကုန်ပိုင်း ၂၈-၃၀ ကြား ဌာနချုပ်လိုင်ဇာမြို့တွင် ပြုလုပ် ကျင်းပသွားမည်ဖြစ်ကြောင်း သိ ရသည်။
အဆိုပါ KIO ဦးဆောင် ပြုလုပ်သွားမည့် ဆွေးနွေးပွဲနှင့်ပတ်သက်၍ ဗဟိုဌာနချုပ် ငြိမ်းချမ်းရေးခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် KNG ကချင်သတင်းဌာန သို့ ပြောသည်။
"တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အစိုးရနဲ့ ဆွေးနွေးသွားတဲ့အချိန်မှာ KIO ဘယ်လိုပါဝင်မယ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ သေ ဘာတူညီစွာဆွေးနွေးပြီးတော့ အခုအစိုးရကနေခေါ်နေတဲ့ တနိုင်ငံလုံး လက်မှတ်ထိုးဖို့  ခေါင်းစဉ်အောက်မှာ ဆွေးနွေးသွားမယ် အားလုံးရဲ့အမြင်တွေဖ လှယ်သွား မှာဖြစ်တယ်"
ဆွေးနွေးပွဲတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တပ်များနှင့် အဖွဲ့ဝင်မဟုတ်သော “ဝ” တပ်ဖွဲ့များ၊ အခြားတပ်ဖွဲ့များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၈၊ ၉၊ ၁၀ အတွင်း မြစ်ကြီးနားမြို့တွင် ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်ဆဲရေးလက်မှတ်ထိုးပွဲသို့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO) တက်ရောက်မည် မတက်ရောက်မည်ကို အစိုးရကို အကြောင်းမကြားမီတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့်  ဆွေးနွေးပွဲတရပ်ပြုလုပ်ကျင်းပရန် တောင်းဆိုခဲ့ချိန် အစိုးရဘက်မှ သဘောတူခဲ့ခြင်း ဖြစ်သည်။
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO)သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်နေ့တွင်လည်း KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့တွ င် လူထုရှင်းလင်းပွဲတရပ်ပြုလုပ်ကာ ဆွေးနွေးပွဲရလဒ်များကိုဖလှယ်ပေးခဲ့သည်။
အဆိုပါ KIO ဦးဆောင် ပြုလုပ်သွားမည့် ဆွေးနွေးပွဲနှင့်ပတ်သက်၍ ဗဟိုဌာနချုပ် ငြိမ်းချမ်းရေးခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် KNG ကချင်သတင်းဌာန သို့ ပြောသည်။
"တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အစိုးရနဲ့ ဆွေးနွေးသွားတဲ့အခ
ဆွေးနွေးပွဲတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တပ်များနှင့် အဖွဲ့ဝင်မဟုတ်သော “ဝ” တပ်ဖွဲ့များ၊ အခြားတပ်ဖွဲ့များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၈၊ ၉၊ ၁၀ အတွင်း မြစ်ကြီးနားမြို့တွင် ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်ဆဲရေးလက်မှတ်ထို
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO)သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်နေ့တွင်လည်း KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့တွ
သတင်းရင်းမြစ် - ကချင်သတင်းဌာန
0 comments:
Post a Comment