Saturday, October 12, 2013

တောင်ငူမြို့ရှိ တည်းခိုးခန်းတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

 
တောင်ငူ၊ အောက်တိုဘာ ၁၁

အောက်တိုဘာ ၁၁ ရက်နေ့ ည ၈နာရီ ၅၀ အချိန် တောင်ငူမြို့ ၁၇ ရပ်ကွက်၊ ကန်လမ်းရှိ ချမ်းမြေ့ဧည့်ရိပ်သာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ အဆိုပါဧည့်ရိပ်သာ၏ အပေါ်ထပ်အခန်းနံပါတ် (၆)မှပေါက်ကွဲခဲခြင်းဖြစ်ပြီး ယင်းအခန်းတွင် တည်းခိုသူ မြို့မ(၄) ရပ...်ကွက် ညောင်လေးပင်မြို့နေသူများဖြစ်ကြသော မယုခိုင်(ဘ) ဦးသိန်းဝင်း( ၂၄ နှစ်) မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး မငြိမ်းသီတာ(ဘ) ဦးခင်မောင်သန်း(၂၇) မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး တောင်ငူခရိုင်ပြည်သူဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။ ၄င်းအခန်း ၆ နှင့် ကပ်လျှက် အခန်း (B) တွင်တည်းခိုသူ နေမျိုးကျော် (၂၉နှစ်) (ဘ)ဦးကျော်လွင် ဌက်ပျောတောကျေးရွာ လယ်ဝေးမြို့နေသူမှာ ပွဲချင်းပြီးနေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။
 
Copy from - Ko Kyaw Swar(FB)သတင်းစာမျက်နှာမှ

0 comments: