Sunday, October 27, 2013

အစိုးရစစ်ကြောင်းမှ မိုင်းရှင်းခိုင်းရာတွင် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရ

 
၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ အစိုးရတပ်နှင့်တအာင်းတပ်မတော်တို့ တိုက်ပွဲ ပြီးနောက် မြန်မာတပ်ရင်းအမှတ် ( ၅၀၆) နှင့်ပြည်သူ့စစ်ခေါင်းဆောင်ထွန်းမြတ်လေး အဖွဲ့တို့သည် ပန်အလော့ရွာသား ၁၀ဦးအား ပန်အလော့ရွာအတွင်း မိုင်းရှင်းခိုင်းနေကြောင်း သိရှိရပါသည်။

ပြောသည့်အတိုင်း မလုပ်ဆောင်ပါက အပြစ်ပေးအရေးမည်ဟု ခြိမ်းခြောက်သောကြောင့် ရွာသားများမှာ ကြောက်ကြောက်လှန့်လှန့်ဖြင့် မိုင်းရှာဖွေနေရသည်။

“ မြန်မာအစိုးရတပ်တွေက သူတို့တပ်သားတွေကို ခေါ်ပြီးမိုင်းမရှင်းခိုင်းဘဲ ကျွန်တော်တို့ ရွာသားတွေ ခေါ်ပြီးခိုင်းတာဟာ ကျွန်တော်တို့ တအာင်းလူမျိုးတွေကို သတ်ချင်နဲ့အတူတူပဲလေ ကျွန်တော်တို့လည်း
လူပဲလူသားချင်းတော့ စာနာနားလည်သင့်ပါတယ်” ဟု ဒေသခံတစ်ဦးမှ ဆိုပါသည်။

မိုင်းရှင်းစဉ် ဒေသခံရွာသား ဦးကွန်လော်မိုင်းထိမှန်ပြီး ပခုံးတစ်ချက်နှင့်ခါးနှစ်ချက် ဒဏ်ရာရရှိခဲ့ပြီး ယခုနမ့်ဆန် ဆေးရုံကြီးသို့ ဆေးကုသခံယူနေကြောင်းသိရသည်။

ပန်အလော့ကျေးရွာသားများက ၄င်းတို့ မိသားစု၊ ဆွေမျိုးများ နောက်ထပ်မိုင်းရှင်းရင်း ထိခိုက်သေးဆုံးမှာကို ကြောက်လှန့်စိုးရိမ်ပူပန်နေကြောင်းသိရသည်။
 
Copy from - Ta'ang Land

0 comments: