Tuesday, October 22, 2013

ထရိတ်ဒါး ဟိုတယ်မှာ အမေရိကန်သူ ထိခိုက်ဒဏ်ရာရသွားတာ ကံကြမ္မာအပြောင်းအလဲပါပဲ

 
အင်တာဗျူးသတင်း

စောရွှေထူးက ပြေးနေတာ မဟုတ်လောက်တော့ဘူးဗျ ၊ ဒီအချိန်ဆို စောရွှေထူးသေလောက်ပြီ ၊ သူ့ကိုခိုင်းတဲ့သူတွေက သူ့ကို ပြန်နှုတ်ပိတ်နေလောက်ပြီ ၊...

အဲဒီစောရွှေထူးဆိုတာဗျာ အရင်က KNU ကလို့သာပြောတာ အခု ဘယ်သူခိုင်းလို့ လုပ်တာလဲ ၊ အခုသူ့နောက်မှာရှိတာ ဘယ်သူလဲ ၊ ဒါကပိုအရေးကြီးတာလေ ၊

လူ ရယ် ယူနီဖောင်းရယ် ရှိရင် တစ်ခုခုကြံစည်လို့ရပြီလေ ၊ မိတယ်ဆိုရင်လည်း အားလုံးရှေ့မှာ စစ်ဆေးတာမဟုတ်တော့ ဘယ်လိုမေးဖြေတွေလုပ်ခဲ့တာလဲ ဆိုတာ ဘယ်သူမှမသိဘူးပေါ့ ၊

ထရိတ်ဒါး ဟိုတယ်မှာ အမေရိကန်သူ ထိခိုက်ဒဏ်ရာရသွားတာ ကံကြမ္မာအပြောင်းအလဲပါပဲ ၊ အဲဒီမှာ မြန်မာပြည်ရဲ့ ကံကြမ္မာကို အဲဒီ အမေရိကန်သူက ကယ်လိုက်တာလို့ပြောလို့ရတယ်

ဒီလိုလေ ၊ အဲဒီအမေရိကန်သူ ထိသွားတော့ ဒီစက်ဝိုင်းထဲကို အမေရိကန်ပါဝင်လာတော့မှာလေ ၊ ဒီတော့
ဒီမစ်ရှင်ကို အားချင်းပြန်ရပ်ပစ်ရတယ်လေ ၊

ရပ်တာကလည်း ချက်ချင်းကြီးဆိုရင် သိသာသွားမှာဆိုတော့ ဘာမှမဆိုင်တဲ့ နမ့်ခန်းမှာလည်း ထပ်ခွဲပြရသေးတယ်လေ ၊

တရားခံဆိုတာတွေကိုလည်း ချက်ချင်းမိပါတယ်ဆိုပြီးထုတ်ပြရတယ်လေ ၊ မမိသေးရင် ဟိုအမေရိကန်က ဝင်လာရင် ဘက်ပြန်ဆောင့်ပြီး အားလုံးပေါ်ကုန်မှာလေ ၊

အမေရိကန်သူ ထိသွားလို့ ရွှေတိဂုံဘုရား မှာ ခွဲဖို့ အစီအစဉ်တွေရပ်သွားတာပေါ့ ၊ အကြံကတော့ ပိုင်ပါ့ဗျား ၊ အစ်နေ့ရယ် သီတင်းကျွတ်လပြည့်ရယ် ဆိုင်ပြီးကြံကြတာလေ ၊

ရပ်ရမယ်လေ ၊ မရပ်ပဲ ရွှေတိရုံဘုရား မဟာမြတ်မုနိဘုရား နဲ့ တခြားနေရာတွေကို အစီအစဉ်အတိုင်းလိုက်လုပ်ရင် အမှုကပိုကြီးမှာလေ ၊

ဒီလိုဗျာ ၊ ပြောချင်တာက အမေရိကန်သူလည်း ထိထားတယ် ၊ ဘုရားတွေမှာလည်း ဆက်ကွဲတယ် ၊ ဘာသာရေး လူမျိုးရေးတွေလည်း ဆူပွက်လာပြီဆိုရင် အမေရိကန်က ဝင်ကူမှာလေ ၊

အဲလို အမေရိကန်ဝင်ကူမှ အရင် ရခိုင်တို့ မိတ္ထီလာတို့ မှာ လုပ်ခဲ့တဲ့ လုပ်ဇာတ်တွေပါ ပေါ်သွားရင် ပိုရှုပ်ကုန်မှာလေ ၊

ဟုတ်တယ် ဘာသာရေးတင်မကဘူး လူမျိုးရေးကိုပါ ဝင်နှောက်ဖို့ ကြံထားပုံရတယ် ၊ နမ့်ခမ်းမှာ ကွဲတာ ကချင် နဲ့ ရှမ်းကို လူမျိုးရေး ရန်တိုက်ပေးချင်နေပုံရတယ် ၊ အကြံကတော့ အတော်လေးကို ပက်စက်တာပဲဗျ ၊

ကျနော်တို့ကတော့ အေးဆေးပါပဲ ၊ အဘ(ဦးခင်ညွန့်) က ဒီ ရက် ၉၀ အတွင်းမှာ ကြီးကြီးမားမားအပြောင်းအလဲ ရှိမယ် ၊ လွတ်အောင်ရှောင် ၊ ဝင်မမပါကြနဲ့ လို့ မှာထားပါတယ် ၊

ငါးလောင်းပြိုင်လူသတ်မှုလား ၊ အဘက ဝင်မပါနဲ့ပြောထားလို့ ၊ အဘကခွင့်ပြုကြည့် ကျနော်တို့ လူဟောင်းတွေ ပြန်စုပြီး ဖော်လိုက်ရင် အလွန်ဆုံး ၃ လပဲ ကြာမယ် ၊

 အင်တာနက်စာမျက်နှာပေါ်သတင်းမှ ကူးယူခဲ့သည့် အင်တာဗျူးမှ အချက်အလက်များဖြစ်သည် ၊

0 comments: