Tuesday, October 15, 2013

ရန်ကုန်မြို့ ထရိတ်ဒါးစ် ဟိုတယ်တွင် အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီ ၁၀ မိနစ်ခန့်ကပေါက်ကွဲမှုတစ်ခုဖြစ်ပွား

 
ရန်ကုန်မြို့ ထရိတ်ဒါးစ် ဟိုတယ်တွင် အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီ ၁၀ မိနစ်ခန့်ကပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ပေါက်ကွဲမှုကြောင့် ယင်းဟိုတယ်တွင်တည်းခိုနေသည့် နိုင်ငံခြားသူအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများအရသိရသည်။
 
ကုန်သည်ကြီးများဟိုတယ် ကိုးလွှာ အခန်းအမှတ် (၉၂၁ ) တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ ( Messenger News Journal ) အ မေရိကန်နိုင် ငံသား လေး ဦး တည်းခိုနေ သော အခန်း တွင် ဗုံ...း ပေါက် ကွဲ မှု ဖြစ်ပွား ခဲ့ ပြီး အ မျိုး သမီး တစ် ဦး ဒဏ် ရာ ရ ရှိ ခဲ့ ကြောင်း မြန် မာ နိုင် ငံ ရဲ တပ် ဖွဲ့ မှ သတင်း ရ ရှိ သည်။ ရန်ကုန် ထရိတ်ဒါးစ် ဟိုတယ်မှာ တနင်္လာနေ့ သန်းခေါင် ကျော်လောက်မှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။
( BBC Burmese )
 
ဟိုတယ်မှာ တည်းခိုနေသူ အမေရိကန် အမျိုးသမီး တဦး ဒဏ်ရာရ သွားပြီး ဆေးရုံ တင်ပို့လိုက်တယ်လို့ ရဲက အတည်ပြုပြောပါတယ်။ ရန်ကုန်ရှိ ကုန်သည်ကြီးများ ဟိုတယ်မှာ ဗုံးပေါက်။ တစ်ဦး ဒဏ်ရာရ။ ( Rakhine Citizen Journalists )
 
မှန်ကွဲများကတော့ ဆူးလေ လမ်းမကြီးမှာ ပြန့်ကြဲနေပါတယ်။ ဗုံးရှင်းလင်း ရေး အဖွဲ့တွေ့ရောက်နေပါပြီ။ ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုဗုံးပေါက်ကွဲမှု အမေရိကန်နိုင်ငံသူ ဒဏ်ရာရရှိ ==================== ( The Voice Weekly )
 
ကုန်သည်ကြီးများဟိုတယ် အခန်းအမှတ် ၉၂၁ တွင် အောက်တိုဘာ ၁၄ ရက်ည ၁၁နာရီ မိနစ် ၃၀ အချိန်ကဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အဆိုပါ အခန်းတွင် တည်းခိုနေသော အသက် ၄၃ နစ်အရွယ် အမေရိကန်နိုင်ငံသူ မှာ လက်နင့် ဘယ်ပေါင်၊ တင်ပါးနှစ်ဘက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူဆေးရုံကြီး အရေးပေါ်နင့် ပြင်ပလူနာဌာနသို့ ပို့ဆောင်ထားကြောင်း The Voice ၏ သတင်းရင်းမြစ်များထံမှသိရသည်။ အဆိုပါနိုင်ငံခြားသူမှာ မိသားစု ၄ဦးနင့် လာရောက် တည်းခိုးခြင်းဖြစ်ပြီး ခင်ပွန်းဖြစ်သူနင့် ကလေးနှစ်ဦးမှာ ထိခိုက်မှု မရှိကြောင်း The Voice ၏ သတင်းရင်းမြစ်များထံမှသိရသည်။
 
ထရိတ်ဒါး ဟိုတယ် (၉) လွှာ၊ အခန်းနံပါတ် (၉၂၁) တွင် ပေါက်ကွဲမှု ဖြစ်ပွား ( The Myanma Age ) ရန်ကုန်မြို့၌ အောက်တိုဘာ ၁၄ ရက်နေ့ ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် မြို့လယ်ရှိ ထရိတ်ဒါး ဟိုတယ် (၉) လွှာ၊ အခန်းနံပါတ် (၉၂၁) တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ အမေရိကန်နိုင်ငံသား မိသားစု လေးဦးမှ အမျိုးသမီးဖြစ်သူတွင် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ " ပေါက်ကွဲပြီး နာရီဝက်လောက်ကြာမှ ကျွန်တော်တို့စသိတာပါ လှည့်ကင်းကနေ ပေါက်ကွဲမှု တစ်ခုဖြစ်တယ် ဆိုပြီးအကြောင်း ကြားလို့ပါ ။ အခန်းတွင်းမြင်ကွင်း အခြေအနေကတော့ အထဲရောက်နေတဲ့ အဓိက တာဝန် ရှိသူပဲ သိမှာပါ " ဟု ဆက်လက်ပြောကြားသည် ။ အဆိုပါ အခန်းတွင် ရှိနေသူများမှာ အမေရိကန်နိုင်ငံသား Mr Mesesy Mare၊ Ms Pialorsi နှင့် ကလေးနှစ်ဦး အပါအဝင် မိသားစု လေးဦးတို့ဖြစ်ပြီး အမျိုးသမီး ဖြစ်သူမှာ လက် နှင့်ပေါင်တို့တွင် ဒဏ်ရာ ရရှိသွားပြီး ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ဆက်လက်သိရသည် ။
 
အောက်တိုဘာ ၁၃ ရက်နေ့တွင်လည်း အင်းစိန် စော်ဘွားကြီးကုန်း မှတ်တိုင်နှင့်သာကေတ မြို့နယ် ရှုခင်းသာ အခွန်လွတ်ဈေးရှေ့တွင်လည်း အသေးစား ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပါသည်။
 
ဓာတ်ပုံ -Eleven Media Group
အင်တာနက်သတင်းစာမျက်နှာမ

0 comments: