Friday, October 11, 2013

အစိုးရနှင့် ကေအိုင်အို ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်ခဲ့

 
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ၈ ရက်မှ စတင်ပြီး သုံးရက်ကြာ ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း မရှိဘဲ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရန်အတွက် ကေအိုင်အိုမှ တောင်းဆိုသည့် အချက်နှစ်ချက်အား သေ...ဘာတူခဲ့ပြီး စစ်ရှောင် ဒုက္ခသည်များ မူလအရပ်ဒေသသို့ ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေး၊ တိုက်ပွဲများ ထပ်မံမဖြစ်ပေါ်ရေး အတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးကော်မတီ (Joint Monitoring Committee) ဖွဲ့စည်းရေး အပါအ၀င် သဘောတူညီချက် ခုနစ်ချက် ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

အစိုးရနှင့် ကေအိုင်အိုတို့သည် လွန်ခဲ့သော မေလအတွင်းက နောက်ဆုံးအကြိမ်အဖြစ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး လေးလအကြာတွင် ပြန်လည်တွေ့ဆုံကြခြင်း ဖြစ်သည်။ ယခုဆွေးနွေးပွဲတွင် လေးလအတွင်း ဖြစ်ပေါ်တိုးတက်မှုများကို အခြေခံကာ ဆွေးနွေးကြခြင်းဖြစ်ပြီး မေလဆွေးနွေးပွဲကြောင့် နှစ်ဖက်အကြားတွင် တိုးတက်မှုများ ရှိခဲ့သည်ဟု အစိုးရနှင့် ကေအိုင်အိုတို့မှ ပြောကြားသည်။ ထို့အပြင် ယခုဆွေးနွေးပွဲမှတစ်ဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ရန်အတွက် ပထမအဆင့်ဖြစ်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် ကေအိုင်အို ပါဝင်လာရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြရန် အစိုးရနှင့် ကေအိုင်အို ပူးပေါင်းဆောင်ရွက်ရန်လည်း သဘောတူညီ ခဲ့ကြသည်။
 
Copy from - Eleven Media Group

0 comments: