
စစ်ပွဲတွေ ဆက်ဖြစ်နေတယ်.. အပစ်ခေတ်ရပ်စဲရေးတွေလဲ လုပ်နေပါသတဲ့…စာရေးသူစကားမဟုတ်ပါ ..ပိစန်တာက ပြောတာပါ။ ပိစန်တာ(Peace Center) ဆိုတာ သိလား? “ပိ” ဆိုတာ ..ပဇောက်ကို ..လုံးကြီးတင်ထားတာပါ။ ပဇောက်က သူ့ဘာသာသူနေရင်အကောင်းသား ..အဓိပ္ပါယ်မရှိတဲ့ ၀လုံးကို သွားတင်လိုက်တော့ “ပိ” သွား ပြားသွားရတဲ့သဘောပါ။
ပြည်တွင်းစစ် မီး စမွှေးပြီး စစ်ပွဲလုပ်ခဲ့တဲ့ လက်သယ်ကဘယ်သူလဲ? ... အဖြေက ရှင်းရှင်းကလေးပါ…အာဏာရူးကြ
ပေးကမ်းခြင်းသည် အောင်မြင်ရာတည်း ဆိုတဲ့သဘောကတော့ မရှိသူကို ရှိသူကပေးကမ်းသဒ္ဒါ စိတ်ဖြူစွာဖြင့်ဆိုလျင်တော့
ခုတော့ ခွက်ပြောက်သွားမှာ ကြောက်လို့ သူတောင်းစားတအုပ်က တောင်းခံခွက်တွေ လူသူတွေနဲ့ဝေးရာ တရုတ်ပြည်မှာ သွားဝှက်ထားကြတဲ့သဘောပါ။
သူတို့ ၀ှက်ထားတဲ့ ခွက်အမျိုးစားတွေက စုံသဗျာ…
..ကျောက်မြက်ခွက်..ရေနံခွက်
လမ်းပ မ်းဆက်သွယ်ရေးခွက်….ခွက်ပေါ င်းစုံသမှ စုံလို့ပါ…ထိုခွက်များထဲတွင် ပြည်တွင်းစစ် ဟုန်းဟုန်း တောက်လောင်ခဲ့သော ခွက်ကြီးဖြစ်သည့် မြစ်ဆုံရေကာတာခွက်ကတော့ကချင်ပြည်သားများတင်မက မြန်မာတပြည်လုံး ၀ိုင်းကန်လိုက်ကြလို့ ပိန်လိမ်သွားလေပြီ။ သို့သော် ကျောက်ဖြူ ရွှေဂစ်မှာတော့ဖြင့် လှိုင်လှိုင်ဖြစ်ထွန်းစွာ ငွေရောင်မြွေကြီးတကောင်မှ တရုတ်ပြည်သို့သွယ်တန်းကာ မျိုချလိုက်လေ၏။
ခုတခါ မရိုးရပါ စစ်ပွဲတွေဖြစ်လာပြန်ပြီ။ အောက်တိုဘာ ၂၂ ရက် ၂၀၁၃ ခုနေ့က ကချင်ဒုက္ခသယ်တွေ ခြေမကလေးတချောင်းနဲ့ လွင့်မထွက်သွားအောင် ကုတ်ထားရတဲ့ ဒုက္ခသယ်စခန်းကိုတောင် ခွေးတွေဝင်ဆွဲနေလို့ အုံ့အော်သောင်း ကသောင်းကရင်း ပြေးနေခဲ့ကြတာ မြင်ရသဗျာ…
ခုတခါ မရိုးရပါ စစ်ပွဲတွေဖြစ်လာပြန်ပြီ။ အောက်တိုဘာ ၂၂ ရက် ၂၀၁၃ ခုနေ့က ကချင်ဒုက္ခသယ်တွေ ခြေမကလေးတချောင်းနဲ့ လွင့်မထွက်သွားအောင် ကုတ်ထားရတဲ့ ဒုက္ခသယ်စခန်းကိုတောင် ခွေးတွေဝင်ဆွဲနေလို့ အုံ့အော်သောင်း ကသောင်းကရင်း ပြေးနေခဲ့ကြတာ မြင်ရသဗျာ…
ဘယ်ပြီးအုံးမလဲ ယက္ခတို့ရဲ့အဖေလို့ တင်စားလောက်တဲ့ အာဋာဝက ဘီလူးကြီးများက ကိုလိုနီတရုတ်ပြည်မရဲ့ရင်ခွ
နောက်တခုက…ကချင်ပြည် လိုင်ဇာတွင် အောက်တိုဘာလကုန်ဝယ် ကျင်းပရန်စီစဉ်ထားသော တိုင်းရင်းသားများ အားလုံး တွေ့ဆုံကြမည့် ညီလာခံအား ရွေ့ဆိုင်းလိုသည် ပျက်ပြယ်လိုသည်ကို စာရေးသူအား နေပြည်တော် ကာကွယ်ရေးအရာရှိတဦးက ပြောပြသည်။ ထိုကြောင့် ခဲတလုံးနှင့် ငှက်နှစ်ကောက် ပစ်ချသည့်သဘောမျိုးဖြင့် တရုတ်ပြည်ကူမင်းမှ ကျောက်ဖြူ မီးရထားလမ်း စီမံကိန်းအတွက် မြေပုံချ လမ်းရှင်းမှုများ ဖြစ်ရသလို ဖေါ်ပြပါ လိုင်ဇာ ညီလာခံ ပျက်ပြယ်ရန်ဆိုသော ရည်ရွယ်ချက် နှစ်ခုလုံးအား ယခု စစ်ပွဲတခုတည်းဖြင့် လုပ်ဆောင် ပါကြောင်း………..
ဂိုလ်ရှယ်လေး
ကျေးဇူးတင်ပါသည်
ကြိုက်သလောက် ရှယ်သွားနိုင်ပါသည်။
0 comments:
Post a Comment