Monday, October 14, 2013

မြန်မာစစ်တပ်ဘက်မှ လိုက်လံထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲဆက်တိုက်ဖြစ်ပွား

 
အောက်တိုဘာလ (၁၃)ရက်နေ့၊ ည ၈း၃၀ နာရီမှ ၉း၀၀ နာရီကျော်ထိ ကွတ်ခိုင်မြို့နယ်၊ ငေါငါ့ကျေးရွာအနီးတွင် တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ (၁၄)ရက်နေ့ မန်တုံမြို့နယ် ဆိုင်လိန်ရွာနှင့် လွယ်ခမ်းရွာကြားမှာ နံနက် (၇း၀၀)နာရီမှ ယခုသတင်းရေးနေတဲ့အချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်ဟု သိရပါသည်။
 
အောက်တိုဘာလထဲမှာ မြန်မာစစ်တပ်ဘက်မှ တအာင်းဒေသတွင် TNLA ကို စစ်ရှိန်မြှင့် လိုက်လံထိုးစစ်ဆင်းနေမှုကြောင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ရသည်ဟု သိရပါသည်။ ငေါငါ့ကျေးရွာအနီးတွင် ဖြစ်ပွားသည့်တိုက်ပွဲမှာ TNLA ဘက်မှ တပ်ရင်း ၁၁၂၊ မြန်မာစစ်တပ်ဘက်မှ ခလရ ၁၄၅၊ ၁၂၃နှင့် ပန်ဆေးပြည်သူ့စစ်တို့ဖြစ်ပြီး ဆိုင်လိန်ရွာနှင့် လွယ်ခမ်းရွာကြားဖြစ်ပွားသည့်တိုက်ပွဲမှာ
TNLA ဘက်မှ တပ်ရင်း ၄၇၈၊ မြန်မာစစ်တပ်ဘက်မှ ခမရ ၅၀၂၊ ၅၀၃ ဖြစ်သည်ဟု သိရသည်။
 
ယခုသတင်းရေးနေချိန်တွင် တိုက်ပွဲတွင်း နှစ်ဖက်ကျဆုံးမှုကို မသိရသေးပါ။ အချိန်နှင့်တပြေညီ ပြန်လည်တင်ပြသွားမည် ဖြစ်သည်။ ဇူလိုင်လ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပြီး TNLA ဘက်မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စည်းရုံးရေးခရီးတွင် လိုက်ဖျက်သောကြောင့် တိုက်ပွဲများ ဖြစ်ပွားရခြင်းနှင့် မြန်မာစစ်တပ်ဘက်မမှ တအာင်းဒေသတွင်း စစ်အင်အားတိုးချဲ့ပို့ဆောင်ကာ TNLA တပ်ဖွဲ့များကို လိုက်လံထိုးစစ်ဆင်းနေခြင်းကြောင့် တိုက်ပွဲဖြစ်ခဲ့ရကြောင်း TNLA အရာရှိတစ်ဦးပြောကြားချက်အရ သိရှိရပါသည်။

Copy from - palaungland.org

0 comments: