Sunday, October 13, 2013

လိုင်ဇာ (သို့) ဒုတိယပင်လုံ ဖြစ်ပါစေ

ကချင့် သမိုင်းမှာ ရာဇ၀င် သွင်မဲ့ ပုံရိပ်များ
၁။ ကချင်တွေအနေနဲ့ စစ်အုပ်စုက ၁၉၉၄-ခု အပစ်ရပ်ကို တစ်ဖက်သတ် ချိုးဖောက်ပြီး တိုက်ခိုက်လာခြင်းကို (၂)နှစ်ကြာအောင် ကြံ့ကြံ့ခံ ခုခံနိုင်ခဲ့ကြတယ်။

၂။ စစ်အုပ်စုတွေအနေနဲ့ ကချင်နဲ့ ပလောင်တို့ကိုပဲ အဓိက စစ်ကစားနေရတာ ဖြစ်တယ်။ ဒါကိုတောင် ရှိသမျှတပ်မတွေ အကုန်နီးပါး ရွှေ့သွားကြရတာ ဖြစ်တယ်။ အခြားဒေသတွေမှာ တကယ်လို့ အခြားတိုင်းရင်းသားလူမျိုးများ ထိုးစစ်ဆင်ခဲ့ရင် အစိုးရတပ်ဘက်မှာ ...ဟာပေါက်တွေ အများကြီး ဖြစ်ခဲ့မှာပဲ။

၃။ ကချင်တွေအနေနဲ့ စစ်ရေးအရ အသာစီးမရခဲ့ပေမဲ့ နိုင်ငံရေးအရ အသာစီးရနေဆဲလို့ မြင်တယ်။ လိုင်ဇာမှာ တိုင်းရင်းသားလူမျိုးများအားလုံး စုစည်းမိတဲ့အခါ လိုင်ဇာဟာ သမိုင်းဝင်မြို့တစ်မြို့ ဖြစ်ခဲ့ပါပြီ။ တကယ်လို့ အပစ်ရပ်ရေးကိစ္စ၊ နိုင်ငံရေးမူဘောင်ကိစ္စ၊ နိုင်ငံရေးသဘောတူညီချက်တစ်ရပ်ကို ချမှတ်နိုင်ခဲ့ရင် ဒုတိယပင်လုံလို့တောင် ဆိုနိုင်ပါတယ်။

၎။ KIO/KIA ကို ကချင်ပြည်သူတွေ (၂၀၀၀၀)မျှ လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြတယ်။ ဒါဟာ ပြည်သူတို့က ဘယ်ဘက်ကို ထောက်ခံသလဲ ထင်ရှားတဲ့ဥပမာပါ။ ဒီပြည်သူတွေရဲ့ ထောက်ခံမှုကို ရမှ တိုင်းပြည်ကို အုပ်ချုပ်နိုင်မှာကိုလည်း မြန်မာအစိုးရ သိသင့်ကြပါတယ်။ ပလောင်ပြည်သူတွေကလည်း ပလောင်တပ်၊ ရှမ်း၊ ဝ၊ ပအိုဝ်း၊ ကရင်နီ၊ ကရင်၊ မွန်၊ ရခိုင်၊ ချင်းတို့လည်း သူတို့ဆိုင်ရာတပ်ကို ထောက်ခံကြတယ်ဆိုတာ မေ့လို့မရပါဘူး။

၅။ အစိုးရတပ်အနေနဲ့ သဘောထားကြီးကြီးနဲ့ တိုင်းရင်းသားဒေသကနေ ဆုတ်ခွာခဲ့ပါ။ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းခြင်းကိစ္စ ပြီးမြောက်တဲ့အခါ ဖက်ဒရယ်တပ်မတော်အဖြစ်နဲ့ တိုင်းရင်းသားတို့ဒေသကို ပြန်ဝင်လာလို့ ရပါတယ်။ လောလောဆယ် ကျူးကျော်ဝင်ရောက်နေခြင်းမှာ ကိုလိုနီတပ်အဆင့်လောက်တောင် မရှိဘူး။ အင်္ဂလိပ်တပ်တောင် တိုင်းရင်းသားတွေကို ဒီလိုမနှိပ်စက်ခဲ့ဖူးဘူး။
 
ပိုမတောင်းပါ
ပိုမတောင်းပါ တိုင်းရင်းသားတွေက မိမိတို့ရသင့်ရထိုက်တာထက် တစ်ပြားမျှတောင် ပိုမတောင်းပါဘူး။ ပင်လုံမှာ သဘောတူညီခဲ့တဲ့ ကတိကဝတ်အတိုင်း စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခုကို ထူထောင်နိုင်ခဲ့မယ်ဆိုရင် ပြည်တွင်းစစ်ဟာလည်းပဲ အလိုလိုပြီးသွားမှာ ဖြစ်တယ်။
 
ကချင်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါင်းခါး ပြောတာကို သဘောကျပါတယ်။ လွတ်လပ်ရေးကို အတူတူ တိုက်ခဲ့ကြတယ်။ လွတ်လပ်ရေးအသီးအပွင့်ကို ပြည်သူတွေလည်း ညီတူညီမျှ ခံစားခွင့် ရသင့်ကြပါတယ်။ လွတ်လပ်ရေးကို စစ်တပ်က တိုက်ယူခဲ့တာ မဟုတ်ပါဘူး။ လွတ်လပ်ရေးကို စစ်တပ်က တိုက်ယူခဲ့တယ်လို့ တလွဲပြောခဲ့လို့သာ နားလည်မှုတွေ လွှဲမှားနေခဲ့တာ ဖြစ်တယ်။

အင်တာနက်စာမျက်နှာသတင်းမှ

0 comments: