
ပထမဆုံးအကြိမ် မွန်အမျိုးသား ကွန်ဖရင့်ကို မော်လမြိုင်မြို့ မွန်ပြည်နယ် ခန်းမ၌ စက်တင်ဘာ ၂၈ ရက်က ကျင်းပခဲ့ပြီး အခမ်းအနားသို့ မွန်ပါတီများ၊ ကရင်၊ ပအို့ဝ် စသည့်တိုင်းရင်းသား ပါတီများ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ မွန်ပြည်နယ် ၀န်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ ၀န်ကြီးများ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဦးမင်းဇေယျနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ရရှိမည် ဖြစ်သည့်အတွက် မွန်အမျိုးသား ကွန်ဖရင့်သည် အလွန်အရေးကြီးကြောင်း ၀န်ကြီးဦးအောင်မင်းက မွန်အမျိုးသား ကွန်ဖရင့်၌ အမှာစကား ပြောကြားသည်။
ဆက်လက်၍ လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲပြီး ပြည်နယ်၊ ပြည်ထောင်စုအဆင့် စာချုပ် ၃၇ ခု ချုပ်ဆိုနိုင်မှုနှင့် အောက်တိုဘာလ အကုန်တွင် ပြည်ထောင်စုအဆင့် ဆွေးနွေးမှုကို နှစ်ဖက်မူအားဖြင့် သဘောတူထားကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နှစ်နှစ်ကျော် ကာလအတွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု National Dialogue ကို သွားနိုင်ရန် စတင်ပြင်ဆင်သည့် အခြေအနေကို ရောက်ရှိနေပြီ ဖြစ်သည့်အကြောင်း၊ ယင်းသို့သွားနိုင်ရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် Nation Wide Ceasefire Agreement ကို ၂၀၁၃ ခုနှစ် အောက်တိုဘာ လကုန်တွင် ပြုလုပ်ရန် ပြင်ဆင်နေကြောင်း၊ ၎င်းမှတစ်ဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကြီးတွက် မူဘောင်ရေးဆွဲရေး Framework for Political Dialogue ကို နိုဝင်ဘာ၊ ဒီဇင်ဘာတွင် ဆောင်ရွက်ရန် ရည်မှန်းပြင်ဆင်နေကြောင်း၊ အဲဒီက အတည်ပြုသည့်အတိုင်း National Dialogue ပွဲကို ၂၀၁၄ ခုနှစ် နှစ်ဆန်းတွင် စနိုင်ရန် မျှော်လင့်ထားကြောင်း၊ အဲဒီမှာ အလွတ်သဘော ပြောရရင် ပြည်ထောင်စုကြီးမှ ခွဲထွက်မှု၊ အချုပ်အခြာအာဏာ ထိပါးသည့် ကိစ္စလွဲရင် ကျန်ကိစ္စများ ဆွေးနွေးနိုင်ကြောင်း၊ အချိန်ကန့်သတ်မှုကြောင့် အချိန်တိုအတွင်း ဆောင်ရွက်ရန်နှင့် ရေရှည်တည်တံ့မည့် သဘောတူညီချက်များဖြစ်ရန် ဟန်ချက်ညီညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပါဝင်သူအားလုံး စိတ်ရင်းစေတနာ ကောင်းမှုကြောင့် ယခုအထိ တိုးတက်မှု ရလာခြင်းဖြစ်ပြီး ယခုလို မကြာခဏ အပြန်အလှန် တွေ့ဆုံပြီး နားလည်မှု၊ ယုံကြည်မှု တည်ဆောက်လာနိုင်သည့်အတွက် မကြာခဏ တွေ့ဆုံပွဲများ မဖြစ်မနေ လုပ်ဆောင်ရန် လိုကြောင်း၊ ဆက်လက်ပြီး စိတ်ရှည်၊ သည်းခံ၊ ဇွဲသန်သန်ဖြင့် လုပ်ဆောင်သွားကြရန် တိုက်တွန်းကြောင်း စသည်ဖြင့် ဦးအောင်မင်းက ပြောကြားသည်။
အခမ်းအနား သဘာပတိဖြစ်သူ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထော်မွန်ကလည်း ယနေ့တိုးတက် ပြောင်းလဲနေသည့် နိုင်ငံရေး အကွေ့အလှည့်တွင် မွန်လူမျိုးအနေဖြင့် အခွင့်ကောင်း တစ်ရပ်ဟု သတ်မှတ်ကာ တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ သမိုင်းအမွေ အနှစ်ကောင်းများကို ဆက်လက်ထိန်းသိမ်းရေး၊ စိတ်စေတနာကောင်းဖြင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေးကာ မွန်အမျိုးသား ကွန်ဖရင့် အောင်မြင်ရေးအတွက် ဆန္ဒပြုကြောင်း ပြောကြားသည်။
ညနေပိုင်းတွင် တိုင်းရင်းသား မွန်ပါတီတို့က စာတမ်းများ ဖတ်ကြားကာ ပထမနေ့ အစီအစဉ် ရပ်နားလိုက်သည်ဟု သိရသည်။
ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ရရှိမည် ဖြစ်သည့်အတွက် မွန်အမျိုးသား ကွန်ဖရင့်သည် အလွန်အရေးကြီးကြောင်း ၀န်ကြီးဦးအောင်မင်းက မွန်အမျိုးသား ကွန်ဖရင့်၌ အမှာစကား ပြောကြားသည်။
ဆက်လက်၍ လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲပြီး ပြည်နယ်၊ ပြည်ထောင်စုအဆင့် စာချုပ် ၃၇ ခု ချုပ်ဆိုနိုင်မှုနှင့် အောက်တိုဘာလ အကုန်တွင် ပြည်ထောင်စုအဆင့် ဆွေးနွေးမှုကို နှစ်ဖက်မူအားဖြင့် သဘောတူထားကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နှစ်နှစ်ကျော် ကာလအတွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု National Dialogue ကို သွားနိုင်ရန် စတင်ပြင်ဆင်သည့် အခြေအနေကို ရောက်ရှိနေပြီ ဖြစ်သည့်အကြောင်း၊ ယင်းသို့သွားနိုင်ရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် Nation Wide Ceasefire Agreement ကို ၂၀၁၃ ခုနှစ် အောက်တိုဘာ လကုန်တွင် ပြုလုပ်ရန် ပြင်ဆင်နေကြောင်း၊ ၎င်းမှတစ်ဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကြီးတွက်
အခမ်းအနား သဘာပတိဖြစ်သူ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထော်မွန်ကလည်း ယနေ့တိုးတက် ပြောင်းလဲနေသည့် နိုင်ငံရေး အကွေ့အလှည့်တွင် မွန်လူမျိုးအနေဖြင့် အခွင့်ကောင်း တစ်ရပ်ဟု သတ်မှတ်ကာ တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ သမိုင်းအမွေ အနှစ်ကောင်းများကို ဆက်လက်ထိန်းသိမ်းရေး၊ စိတ်စေတနာကောင်းဖြင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေးကာ မွန်အမျိုးသား ကွန်ဖရင့် အောင်မြင်ရေးအတွက် ဆန္ဒပြုကြောင်း ပြောကြားသည်။
ညနေပိုင်းတွင် တိုင်းရင်းသား မွန်ပါတီတို့က စာတမ်းများ ဖတ်ကြားကာ ပထမနေ့ အစီအစဉ် ရပ်နားလိုက်သည်ဟု သိရသည်။
Copy from - Eleven Media Group
0 comments:
Post a Comment