

လက်ပန်တောင်းတောင်ခြေရှိ လယ်တီသိမ်နှင့် စေတီတော်ကို ကာကွယ်စောင့်ရှောက်ရန် ဟုဆိုကာ မန္တလေးမြို့ အမရပူရမြို့ နယ်မှ စတင်လမ်းလျှောက်ထွက်ခွာလာခဲ့ သောလက်ပတောင်း ဒေသခံများနှင့် ရန်ကုန်မြို့ မှတက်ကြွ လှုပ်ရှားသူများပါဝင်သောအဖွဲ့ ဝင်အင်အား ၅၀ ခန့် ကို စစ်ကိုင်းမြို့ အဝင် ဧရာဝတီ တံတား(ရတနာပုံ) အဆင်းတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များ ဆက်မသွားရန် တားဆီးရာမှ အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ ပါတယ်။


တက်ကြွလှုပ်ရှားသူ ကိုသန့် စင်နှင့် ဦးဘမြင့် တို့ ကို လုံခြုံရေး တပ်ဖွဲ့ ဝင်အချို့ ကဖမ်းဆီးရန် ကြိုးပမ်းရာမှ အခုလိုဖြစ်ပွားခဲ့ ခြင်းဖြစ်ပါတယ်။ စစ်ကိုင်းခရိုင်မှ တာဝန်ရှိသူအချို့ နှင့် ညှိနှိုင်းပြီးနောက် ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးခဲ့ ပြီး ယခုအခါ အဆိုပါအဖွဲ့ သည် ကောင်းမှုတော်ဘုကြီးအနီးဓမ္မာရုံတွင် ညအိပ်ရပ်နားမည်ဖြစ်ကြောင်း သိရှိရပါတယ်။
ဓာတ်ပုံ -တေဇလှိုင်/ဧရာဝတီ
Copy from —
The Irrawaddy




0 comments:
Post a Comment