Sunday, September 8, 2013

ရန်ကုန်-ကျိုက်ထို-ရန်ကုန် အထူးအမြန်ရထား ခရီးသည် ၁၁၅ ဦးဖြင့် စက်တင်ဘာ ၇ ရက် စတင်ပြေးဆွဲ

A-8-9
စက်တင်ဘာ ၇ ရက်က ရန်ကုန်-ကျိုက်ထို-ရန်ကုန် အထူးအမြန်ရထားပေါ်တွင် လိုက်ပါစီးနင်းသည့် ခရီးသည်များကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
 
ရန်ကုန်-ကျိုက်ထို-ရန်ကုန် အထူးအမြန်ရထား စက်တင်ဘာ ၇ ရက်တွင် စတင်ပြေးဆွဲခဲ့ပြီး ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီ ၂၅ မိနစ်တွင် စတင်ထွက်ခွာခဲ့ကာ ခရီးသည် ၁၁၅ ဦး လိုက်ပါ စီးနင်းသွားခဲ့ကြောင်း သတင်းရရှိသည်။
 
ယင်းအထူးအမြန်ရထား စတင်ပြေးဆွဲခြင်း အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ ၇ ရက် နံနက် ၆ နာရီတွင် ရန်ကုန်ဘူတာကြီး၌ ပြုလုပ်ခဲ့ပြီး ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးနှင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့ တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။
အိမ်သာစနစ်၊ အမြန်နှုန်းတွေ ကောင်းတဲ့ရထားပါ။ ဒီခရီးစဉ် ပြေးတဲ့ရထားက ဂျပန်နိုင်ငံက ၁ တွဲကို ဂျပန်ယန်း ၈ သန်း ကျော်ပေးပြီး ပြန်ဝယ်ထားတဲ့ ရထားပါ။ တစ်ပတ်ရစ်ဖြစ်သော်လည်း အကောင်းဆုံးဖြစ်အောင် လုပ်ထားပါတယ်။ ဒီခရီးစဉ် တစ်ခြမ်းကို ဒီဇယ် ၁၀၈ ဂါလံလောက် ကုန်တဲ့အခါကျတော့ ခရီးသည် ၁၀၀ လောက် မရရင် တွက်ခြေမကိုက်ပါဘူး . . . . .
ရန်ကုန်-ကျိုက်ထို-ရန်ကုန် အထူးအမြန်ရထားကို အပတ်စဉ် စနေ့နေ့တိုင်း ရန်ကုန်မှ ကျိုက်ထိုသို့ ပုံမှန်ပြေးဆွဲပေးမည်ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျိုက်ထိုမှ ရန်ကုန်သို့ ပုံမှန် ပြေးဆွဲပေးမည် ဖြစ်ကြောင်း၊ လက်မှတ်ခ အနေဖြင့် ရန်ကုန်မှ ကျိုက်ထိုသို့ ကျပ် ၃၅၀၀ ဖြစ်ပြီး နိုင်ငံခြားသား ဆိုပါက အမေရိကန် ၁၀ ဒေါ်လာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ ရထားကို ကျိုက်ထီးရိုးဘုရားဖူး သွားရောက်လိုသူများအတွက် ရည်ရွယ် ပြေးဆွဲပေးခြင်း ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း ကြား၌ ဘူတာ ၃ ခုတွင် ရပ်သွားမည်ဖြစ်ပြီး ပဲခူး၊ ဝေါနှင့် သိမ်ဇရပ် ဘူတာတို့ဖြစ်ကြောင်း၊ ရထားပေါ်တွင် Air Con စနစ် ပါဝင်မည်ဖြစ်ပြီး ခရီးစဉ်ကြာချိန်မှာ ၄ နာရီခွဲခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
 
"အခု ရန်ကုန်-ကျိုက်ထို-ရန်ကုန် အထူးအမြန်ရထား စတင်ပြေးဆွဲနေပါပြီ။ ရထားရဲ့ အခြေအနေ၊ တွဲအဆင့်အတန်းက ကောင်းမွန်ပါတယ်။ လေအေးပေးစက်လည်းပါပြီး အိမ်သာစနစ်၊ အမြန်နှုန်းတွေ ကောင်းတဲ့ရထားပါ။ ဒီခရီးစဉ် ပြေးတဲ့ရထားက ဂျပန်နိုင်ငံက ၁ တွဲကို ဂျပန်ယန်း ၈ သန်း ကျော်ပေးပြီး ပြန်ဝယ်ထားတဲ့ ရထားပါ။ တစ်ပတ်ရစ်ဖြစ်သော်လည်း အကောင်းဆုံးဖြစ်အောင် လုပ်ထားပါတယ်။ ဒီခရီးစဉ် တစ်ခြမ်းကို ဒီဇယ် ၁၀၈ ဂါလံလောက် ကုန်တဲ့အခါကျတော့ ခရီးသည် ၁၀၀ လောက် မရရင် တွက်ခြေမကိုက်ပါဘူး။ အခု ခရီးသည် ၁၁၅ ဦးလောက် လိုက်ပါသွားပါတယ်" ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက အဆိုပါ အထူးအမြန်ရထား ဖွင့်ပွဲအခမ်းအနားအပြီး သတင်းမီဒီယာ အချို့နှင့် တွေ့ဆုံရာတွင် ပြောကြားသည်။
 
ရန်ကုန်-ကျိုက်ထို-ရန်ကုန် အထူးအမြန်ရထားသည် တွဲဆိုင်း ၅ ဆိုင်း ပါဝင်ပြီး ခရီးသည် ၃၃၂ စီးနင်းအသုံးပြုနိုင်ကြောင်း၊ တွဲဆိုင်းအားလုံးမှာ အထက်တန်း ထိုင်ခုံများဖြစ်ကြောင်း၊ ရထားမှာ ဂျပန်နိုင်ငံ နှစ် ၃၀ ကြာ အသုံးပြုထားဖြစ်ကြောင်း သိရသည်။  
   
ခရီးစဉ်အား အဝေးပြေးယာဉ်လိုင်းများဖြင့် သွားရောက်မည့် ခရီးစဉ်များထက် ဈေးနှုန်းနှင့်အချိန် သက်သာအောင်လည်း စီစဉ်ပြေးဆွဲပေးခြင်းဖြစ်ပြီး ရထား၏ လုံခြုံရေးအတွက်လည်း စီစဉ်ပေးထားသည်ဟု သိရသည်။   
 
Copy from - news-eleven.com

0 comments: