Monday, August 19, 2013

KIA,ရင်း(၁၀)အား ဗမာတပ်အင်အား (၃၀၀)ကျော်ဖြင့် တိုက်ခိုက်နေ


ကချင်ပြည်နယ် အရှေ့မြောက်ဘက် KIA,တပ်မဟာ (၁) လက်အောက်ခံ၊ KIA, တပ်ရင်း (၁၀)အုပ်ချုပ်ဒေသ၊ လောခေါင်မြို့နယ် အတွင်းရှိ KIA, တပ်ရင်း (၁၀)၏ ရှေ့တန်းစခန်း (ပို့စ်) တစ်ခုအား (၂၀၁၃ ၊ သြဂုတ်လ ၊၁၇) ရက်နေ့တွင် မြန်မာ အစိုးရ စစ်တပ် (ခ.မ.ရ-၅၁၂) တပ် နှင့် နယ်ခြားစောင့်တပ် (BGF)တပ်တို့ ပူးပေါင်း အင်အား (၃၀၀) ကျော်တို့ ဖြင့် လာရောက်တိုက်ခိုက်ခြင်း ကြောင့် (၁၇၊၈၊၂၀၁၃) ရက်နေ့ နံနက် (၆း၄၅) အချိန် မှ မွန်းလွဲ (၀၁း၃၀)အချိန် အထိ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားကြောင်းသတင်း ရရှိပါသည်။
 
တိုက်ပွဲ အတွင်း နှစ်ဘက်စစ်တပ် ၏ ထိခိုက်မှု သတင်းအသေးစိတ် ကိုမှုစုံစမ်းဆဲ ဖြစ်သည်။ မြန်မာ အစိုးရသည် KIA,နှင့် ငြိမ်းချမ်းရေးဖော်ဆောင်နေကြောင်း ကို ကမ္ဘာ နှင့် အများပြည်သူ အား မီဒီယာ မှ တဖွဖွပြောဆိုနေသော် လည်း လက်တွေ့ မှာမှု ကချင် ပြည်နယ် အချို့ ဒေသရှိ KIA, စခန်းများ နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ KIA, တပ်မဟာ (၄) ဒေသရှိ KIA, တပ်စခန်းများအား နေ့စဉ် နှင့် အမျှထိုးစစ်ဆင် ကျူးကျော် တိုက်ခိုက်မှုများ ပြုလုပ်နေ ဆဲ ဖြစ်ကြောင်း သိရှိရပါသည်။
 
သတင်းရင်းမြစ်  - ကချင်သတင်းဌာန

0 comments: