ဆက်ဒမ် ဟူစိန်ကို ဖယ်ရှားတဲ့ အီရတ် စစ်ပွဲရဲ့  ဗျုဟာပုံစံမျိုးအတိုင်း ဆီးရီးယားကို တိုက်ခိုက်မယ်လို့  အမေရိကန် ထိပ်တန်း စစ်တပ် အရာရှိ တစ်ယောက်က AP သတင်းဌာနကို ပြောပါတယ်။
ကြာသပတေးနေ့ နံနက်လင်း အားကြီးချိန် မြန်မာနိုင်ငံမှာတော့ ကြာသပတေးနေ့  ည ကိုးနာရီလောက်မှာ ရေငုပ် သဘောင်္တွေမှာ တပ်ဆင်ထားတဲ့ တိုမာဟောခ် ဒုံးကျဉ်တွေကို ဦးဆုံး ပစ်လွှတ် တိုက်ခိုက်မှာ ဖြစ် ပြီး အဲဒီနောက် သဘောင်္တွေက ပဲ့ထိမ်း ဒုံးကျဉ်တွေ ပစ်လွှတ်ပြီး အာဆဒ်ရဲ့  လေကြောင်း မဟာဗျူဟာ တွေကို ရှင်းလင်းမှာ ဖြစ် ပါတယ်။
ဒီနောက်မှာတော့ ဗြိတိသျှ တော်ဝင်လေတပ် ၊ လတ်တလော မာလီမှာ လေကြောင်း တိုက်ခိုက်မှု အတွေ့ အကြုံ ရှိခဲ့တဲ့ ပြင်သစ် လေတပ် တို့ နဲ့ အတူ အမေရိကန် တိုက်လေယာဉ်တွေက ဆီးရီးယား နိုင်ငံထဲကို ၀င် ရောက် တိုက်ခိုက်မှာ ဖြစ်ပါတယ်။
သုံးရက်ကြာ တိုက်ခိုက်မယ့် ဒီစစ်ပွဲဟာ ဆီးရီးယားက ပြိုင်ဘက်တွေကို နှိပ်ကွပ်ရာမှ နိုင်ငံတကာက တား မြစ်ထားတဲ့ ဓာတုလက်နက်တွေကို အသုံးပြုလို့  ဖြစ်ပါတယ်။
နှစ်နှစ် ကြာ ဆီးရီးယား အုံကြွမှုမှာ အာဆဒ်အစိုးရက လူ တစ်သိန်းကျော်လောက်ကို သတ်ဖြတ် ခဲ့ ပါတယ်။
ပုံမှာ တွေ့ရ တာကတော့ ဆိုက်ပရပ်(စ) ကို နောက်ဆုံးရောက် ရှိလာတဲ့ လေယာဉ်တင် သဘောင်္ကြီး ဖြစ်ပါတယ်။

အင်တာနက်သတင်းစာမျက်နှာမှ
0 comments:
Post a Comment