Friday, August 9, 2013

တိုကျိုတွင် ကျင်းပပြုလုပ်သည့် ၂၅ နှစ်ပြည့် ၈၈၈၈ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြပွဲ


၈ ရက် ၈ လ ၂၀၁၃ ခုနှစ်။

(၂၅)နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြပွဲ အခမ်းအနား ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ  စုပေါင်း၍ ကျင်းပခဲ့ကြပါသည်။

အခမ်းအနားကို Gotanta ပန်းခြံမှ နေ့လည် (၃း၀၀)နာရီ တိတိတွင် စတင်ထွက်ခွါ ခဲ့ကြပြီး Shinagawa အရပ်ရှိ မြန်မာ(သံရုံး) အနီးရှိတွင် အဆုံးသတ်ခဲ့ကြပါသည်။ ချီတက်သွားရာ လမ်းတလျှောက်တွင်လဲ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တပြည်လုံး အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးရေးအား ချက်ချင်းလုပ်၊ ယုံကြည်ချက်ကြောင့် မတရား အဖမ်းဆီခံ ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ အားလုံး “ချက်ချင်းလွတ်” ၊ အများပြည်သူက လက်မခံ တဖက်သတ် ရေးဆွဲထားသော 2008 ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အမြန်ဆုံး ပြင်ဆင်ပေးရန်စသည့် ဂျပန်နှင့် မြန်မာ နှစ်ဘာသာ ကြွေးကြော်သံများဖြစ် ချီတက် ဆန္ဒပြတောင်းဆို ခဲ့ကြပါသည်။

ဆက်လက်ပြီး Shinagawa အရပ်ရှိ မြန်မာ(သံရုံး)ရှေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့၏ ဆန္ဒသဘောထားများ ထည့်သွင်း တောင်းဆိုသည့် မြန်မာသံရုံးမှ တဆင့် ဦးသိန်းစိန် အစိုးရသို့ ငွေရတု အိပ်ဖွင့်ပေးစာတစောင်ကို သံရုံးသို့ ပေးပို့ရန်အတွက် ကြိုတင်ဖုန်းဖြစ် အကြောင်းကြားခဲ့ပြီးဖြစ်သော်လည်း
အရင် ထုံးစံအတိုင်း လက်ခံယူပေးခြင်းမရှိ ဖြေဆိုပြောကြားခြင်းမရှိပါ ပြောင်းလဲနေပါပြီလို့ ပြောဆိုနေသော သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့တွေ စိတ်ပျက်ဖွယ် လုပ်ရပ်ဟောင်း အကျင့်ဟောင်း မပြောင်းလဲသေးသည့် တိုကျိုမြန်မာသံရုံးအား လက်တွေ့ပြသလိုက်ပါသည်။

ယနေ့ ချီတက်ဆန္ဒပြပွဲသို့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွစွာလှုပ်ရှားသူ စုစုပေါင်း အင်အား(၃၀၀)ခန့် တက်ရောက်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum

0 comments: