ဓါတ်ပုံ - သော်က(မုံရွာ) ThanLarWaddy Times
မုံရွာမြို့ ဇောတိကကျောင်းတိုက်က သံဃာတော်ပါး ဒီကနေ့ မနက်ပိုင်းက ကိုယ့်ကိုယ်ကိုယ် မီးရှို့ သတ်သေ သွားတယ်လို့ မုံရွာမြို့အမှတ် ၂ ရဲစခန်း ရဲအုပ် မောင်မောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
မီးရှို့သတ်သေတဲ့ သံဃာဟာ သက်တော် ၂၄ နှစ်၊ ၀ါတော် ၄ ၀ါရှိတဲ့ ဦးဇင်းသုတရဖြစ်ပြီး မီးရှို့ သတ်သေတဲ့ အနီးမှာ စာတဆောင် ရေးထားခဲ့တယ်လို့ ရဲအုပ်မောင်မောင်မြင့်က ပြောပါတယ်။
“၃ နာရီခွဲလောက်မှာ မီးရှို့တာ။ သူရေးခဲ့တဲ့ စာလေးတွေတော့ ရှိပါတယ်။ ဘာကြောင်းကြောင်းမှာ မဟုတ်ဘူး။ သူက ဘုရားရှင်ကို ပူဇော်တာပေါ့။ သူ့ကိုယ်ကို ဆီလောင်းမီးရှို့ပြီး ဘုရားရှင်ကို ဆီမီး ပူဇော်တာပေါ့။ အဲဒီလိုရေးထားတယ်။ သူခုလို ပြုတဲ့ ကောင်းမှု ကုသိုလ်အတွက် သာဓုခေါ်ဖို့အတွက် ဆိုပြီး အဲဒီလို ရေးတယ်။”
ပျံလွန်တော်မူသွားတဲ့ ဦးဇင်းသုတရရဲ့ ရုပ်ကလပ်ကို မုံရွာပြည်သူ့ဆေးရုံမှာ စစ်ဆေးမှုတွေ လုပ်ဆောင်မှာ ဖြစ်ပြီး သေမှုသေခင်းနဲ့ အမှုဖွင့်ပြီး အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။
နော်နိုရင်း (ဒီဗွီဘီ)
Copy from - thithtoolwin
0 comments:
Post a Comment