Monday, August 19, 2013

ပလောင်ဒေသ၌ မူးယစ်ဆေးဝါး လုံးဝကင်းရှင်းရန် ဆောင်ရွက်မည်



လာမည့် လေးနှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပလောင်လူမျိုးများ နေထိုင်ရာ တောင်ပေါ်ဒေသတွင် ဘိန်းစိုက်ပျိုးမှုနှင့် အခြားမူးယစ်ဆေး ရောင်းဝယ် သုံးစွဲမှုများ လုံးဝကင်းရှင်းစေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်ဦး TNLA ၏စစ်ဦးစီးချုပ်က မြန်မာတိုင်း(မ်) ကိုပြောသည်။

"မူးယစ်ဆေးဝါး အခန်းကဏ္ဍမှာ ထက်ထက်မြက်မြက် မလုပ်ဘူးဆိုရင် တအန်းလူမျိုး လူငယ်တွေ၊ပညာတတ် လူငယ်တွေ မရှိသလောက်ဖြစ်သွားပြီ။ အားလုံး ဘိန်းသမားဖြစ်နေပြီ။ လူငယ်လူရွယ်ကလေးတွေ ဘိန်းသမား ဖြစ်သွားပြီဆိုရင် လူမျိုးအတွက် တကယ်စိုးရိမ်စရာ အခြေအနေ ဖြစ်နေပြီ"ဟု ဒုဗိုလ်မှူးကြီး တဟိုဘလန်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ ဆယ်လိန်ရွာ၌ ဩဂုတ်လ ၅ ရက်နေ့က ပြောသည်။

ထို့အတွက် ၂၀၁၇ ခုနှစ်တွင် တအန်းနယ်မြေ၌ ရာမဆေးပြားများ အပါအ၀င် ဘိန်းဖြူ ဘိန်းမည်း အားလုံးတိုက်ဖျက်မှုအား ဗဟိုကော်မတီ ဆုံးဖြတ်ချက်ဖြင့် တပ်ရင်း တပ်ဖွဲ့မှူးများမှ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

0 comments: