၂၆-ဇူလိုင်လ-၂၀၁၃ ခုနှစ်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၁၁၂ နှင့် ပန်ဆေးပြည် သူ့စစ်အဖွဲ့တို့ ဇူလိုင်လ၂၅ ရက် ညနေပိုင် ၅နာရီခွဲမှ ၆ နာရီခွဲအထိ ရင်ဆိုင်တိုက်ပွဲဖြစ် ပွားကြောင်း သတင်းရရှိ ပါသည်။
TNLA တပ်ရင်း ၁၁၂ တပ်ရင်းမှ ကွတ်ခိုင်မြို့နယ် ကန်ပါဖိုကျေးရွာ ထဲတွင် ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ဘိန်းတိုက်ဖျက်ရေးစီမံကိန်း လိုက်လံဟောပြောပွဲ ပြုလုပ်နေသည့်အချိန်တွင် ပန်ဆေးပြည်သူ့စစ် အဖွဲ့နှင့် တစ်နာရီကျော် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါ သည်။
TNLA-၁၁၂ တပ်ရင်းမှုးမှ ကျနော်တို့ ဘိန်းတိုက်ဖျက်ရေးစီမံကိန်း အတွက် ဒေသခံများနှင့်ဆွေနွေးပွဲလုပ်နေတဲ့အချိန် ပန်ဆေးပြည်သူ့စစ်အဖွဲ့နဲ့ ညနေ့ပိုင် ၅ နာရီခွဲကနေ ၆နာရီခွဲအထိ ရင်ဆိုင်တိုက်ပွဲဖြစ်သည့်ဟုပြောသည်။
၂၅ရက်နေ့ ညနေ့ပိုင်း TNLA တပ်ရင်း ၁၁၂ နှင့် ပန်ဆေးပြည်သူ့စစ်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် သေဆုံးဒဏ်ရာရစာရင်းကိုတော့ အတိအကျမရရှိကြောင်း တပ်ရင်းမှုးမှ ဆက် လက်ပြောပြပါသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ၂၀၁၃-၂၀၁၄ ခုနှစ် တအာင်း နယ်မြေအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံကိန်းကို ဆက်လက်တိုးမြှင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A
0 comments:
Post a Comment