Tuesday, July 2, 2013

ဦးဝင်းတင်၏ မယုံခြင်း သုံးပါး

ဦးဝင်းတင်၏ မယုံခြင်း သုံးပါး

“ဟေ့ယောင် ရာဇာ ငါကတော့ သမ္မတလည်း မယုံဘူး (သမ္မတယိမ်းအဖွဲ့ကြီးပေါ့ဗျာ ။ တောင်ပြေး လိုက် မြောက်ပြေးလိုက် ယိမ်းသမတွေ ယိမ်းကတာ ထက်တောင် လှနေသေး) လွှတ်တော်လည်း ငါမယုံဘူး။ (အင်း ဥက္ကဌနာမည်ကိုက ဇာတ်မင်းသားနာမည်ဖြစ် နေတော့ လွှတ်တော်ဇာတ် သဘင်ကြီး မှာပေါ့လေ။ NLDတွေကလည်း တစ်ချက်ချက် အရွှန်းဝင် ၀င်ဖောက်ပေးရသေးတယ်။ ဥပမာ ပိုင်ဆိုင်မှုကြေညာရေး ကိစ္စမျိုးပေါ့) စစ်တပ်ကို သာမယုံသေးတယ်။ (ဒီကောင်တွေ အာဏာပါးဝနေ တာကြာပေါ့။ အာဏာအကြောင်း စစ်တပ်သက် သေတောင်ဖြစ်နေသေးတာ)”

“ဘာလို့လည်းဆိုတော့ သမ္မတကကွာ တိုင်းပြည်အရေးကြီးကိစ္စ ဘာပြောလဲ။ ပဋိပက္ခတွေဖြစ် တယ်။ ဘာမှမ ပြောဘူး။ ဟိုရှောင် ဒီရှောင် တိုင်းရင်းသားအရေးကိစ္စ ဝေ့လည်ကြောင်ပတ်၊ လူ့အခွင့်အရေးရာ ငါမပါဆိုတဲ့လူကွာ ။တကယ့်လူ။ ပျော့ပြောင်း တာကောင်းတယ်ကွ။ ပျော့ညံ့တာ အလုပ် မဖြစ်ဘူး။ လွှတ်တော်ကွာ အရေးကြီးတာပေါ့။ ဒါပေမယ့် သူကငြင်းခုန်ခြင်း စင်တာတောင် မဟုတ်ဘူး။ ဇာတ်တိုက်နေသလို ဖြစ်နေတယ်။ သူတို့ဟာက ကြိုတင်ကြံစည် ထားသလိုဖြစ်နေ တယ်။ တကယ့် ဒီမိုကရက်လမ်းကြောင်း တင်ကြည့်။ ဘယ်ကောင်မှ လက်ခံမှာမဟုတ်ဘူး။ ပိုင်ဆိုင်မှုကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ အခြေခံဥပဒေပြင်ရေးကိစ္စ၊ အပစ်အခတ်ရပ်စဲရေး ကိစ္စ လွှတ်တော်က လောက်လောက်လားလား ဘာအဖြေထွက်သလဲ။ မထွက်ဘူး။ ဒါပေမယ့် လွှတ်တော်ရှိရမှာပေါ့။ ဒီမိုကရေစီနိုင်ငံပဲ။ လွှတ်တော် ပုံစံပြင်ရမှာ။ လွှတ်တော်မှာ ဥက္ကဌကြီး ကြွလာပါပြီ ခင်ဗျား ဆိုတာကအစနဲ့ နေတာ ထိုင်တာ လွတ်လပ်မှုမရှိတာတွေ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင် ထိုင်နားထောင် နေရတာတွေကွာ။ ဒီမိုကရက် လွှတ်တော်ဖြစ်အောင်ပြင်ဆင်ရမှာ ကိုယ်တိုင် က မလွတ် လပ်ပဲ လွတ်လပ်ခြင်း အကြောင်းပြောရင်တော့ မဟုတ်သေးဘူးထင်တယ်။ စစ်တပ် ကတော့ အဆိုးဆုံးပေါ့ကွာ။ သူများခိုင်းတာ လုပ်ရတာကိုး။ ဘာတဲ့ မဆီမဆိုင် ပြောပြောနေတဲ့ စကား ငါတော့ နားခါးတယ်ကွာ။ အမျိုးသားနိုင်ငံရေးဦးဆောင်မှုကို တပ်မတော်က ဆက်လက် ဆောင်ရွက် ရမယ်ဆိုလား ဘာလားကွာ ငါတော့ ဒီသုံးခုကို မယုံဘူးကွာ”

ဦးဝင်းတင်နဲ့ နေထိုင်ခြင်း (၁၀)
ကိုရာဇာ ။ ဇွန် ၂၇၊ ၂၀၁၃

“ဟေ့ယောင် ရာဇာ ငါကတော့ သမ္မတလည်း မယုံဘူး (သမ္မတယိမ်းအဖွဲ့ကြီးပေါ့ဗျာ ။ တောင်ပြေး လိုက် မြောက်ပြေးလိုက် ယိမ်းသမတွေ ယိမ်းကတာ ထက်တောင် လှနေသေး) လွှတ်တော်လည်း ငါမယုံဘူး။ (အင်း ဥက္ကဌနာမည်ကိုက ဇာတ်မင်းသားနာမည်ဖြစ် နေတော့ လွှတ်တော်ဇာတ် သဘင်ကြီး မှာပေါ့လေ။ NLDတွေကလည်း တစ်ချက်ချက် အရွှန်းဝင် ၀င်ဖောက်ပေးရသေးတယ်။ ဥပမာ ပိုင်ဆိုင်မှုကြေညာရေး ကိစ္စမျိုးပေါ့) စစ်တပ်ကို သာမယုံသေးတယ်။ (ဒီကောင်တွေ အာဏာပါးဝနေ တာကြာပေါ့။ အာဏာအကြောင်း စစ်တပ်သက် သေတောင်ဖြစ်နေသေးတာ)”

“ဘာလို့လည်းဆိုတော့ သမ္မတကကွာ တိုင်းပြည်အရေးကြီးကိစ္စ ဘာပြောလဲ။ ပဋိပက္ခတွေဖြစ် တယ်။ ဘာမှမ ပြောဘူး။ ဟိုရှောင် ဒီရှောင် တိုင်းရင်းသား အရေးကိစ္စ ဝေ့လည်ကြောင်ပတ်၊ လူ့အခွင့်အရေးရာ ငါမပါဆိုတဲ့လူကွာ ။ တကယ့်လူ။ ပျော့ပြောင်း တာကောင်းတယ်ကွ။ ပျော့ညံ့တာ အလုပ် မဖြစ်ဘူး။ လွှတ်တော်ကွာ အရေးကြီးတာပေါ့။ ဒါပေမယ့် သူကငြင်းခုန်ခြင်း စင်တာတောင် မဟုတ်ဘူး။ ဇာတ်တိုက်နေသလို ဖြစ်နေတယ်။ သူတို့ဟာက ကြိုတင်ကြံစည် ထားသလိုဖြစ်နေ တယ်။ တကယ့် ဒီမိုကရက်လမ်းကြောင်း တင်ကြည့်။ ဘယ်ကောင်မှ လက်ခံမှာမဟုတ်ဘူး။ ပိုင်ဆိုင်မှုကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ အခြေခံဥပဒေပြင်ရေးကိစ္စ၊ အပစ်အခတ်ရပ်စဲရေး ကိစ္စ လွှတ်တော်က လောက်လောက်လားလား ဘာအဖြေထွက်သလဲ။ မထွက်ဘူး။ ဒါပေမယ့် လွှတ်တော်ရှိရမှာပေါ့။ ဒီမိုကရေစီနိုင်ငံပဲ။ လွှတ်တော် ပုံစံပြင်ရမှာ။ လွှတ်တော်မှာ ဥက္ကဌကြီး ကြွလာပါပြီ ခင်ဗျား ဆိုတာကအစနဲ့ နေတာ ထိုင်တာ လွတ်လပ်မှု မရှိတာတွေ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင် ထိုင်နားထောင် နေရတာတွေကွာ။ ဒီမိုကရက် လွှတ်တော်ဖြစ်အောင် ပြင်ဆင်ရမှာ ကိုယ်တိုင် က မလွတ် လပ်ပဲ လွတ်လပ်ခြင်း အကြောင်း ပြောရင်တော့ မဟုတ်သေးဘူးထင်တယ်။ စစ်တပ် ကတော့ အဆိုးဆုံးပေါ့ကွာ။ သူများခိုင်းတာ လုပ်ရတာကိုး။ ဘာတဲ့ မဆီမဆိုင် ပြောပြောနေတဲ့ စကား ငါတော့ နားခါးတယ်ကွာ။ အမျိုးသားနိုင်ငံရေးဦးဆောင်မှုကို တပ်မတော်က ဆက်လက် ဆောင်ရွက် ရမယ်ဆိုလား ဘာလားကွာ ငါတော့ ဒီသုံးခုကို မယုံဘူးကွာ”

ဦးဝင်းတင်နဲ့ နေထိုင်ခြင်း (၁၀)
ကိုရာဇာ ။ ဇွန် ၂၇၊ ၂၀၁၃
အင်တာနက်စာမျက်သတင်းမှ

0 comments: