Tuesday, July 16, 2013

တိုကျိုမှာ နှစ်စဉ် ကျင်းပတဲ့ (၆၇)ကြိမ်မြောက် ဝိဥာဉ်ပွဲတော်

၂၀၁၃ ခုနှစ် ဇူလှိုင်လ (၁၆)ရက်။
 
ဝိဥာဉ်ပွဲအကြောင်း အတူသွား ဂျပန်မိတ်ဆွေရှင်းပြတာကတော့ ... တိုင်းတပါးမှာ စစ်ထွက်ကြရတဲ့ ဂျပန်စစ်သားလေးတွေ စစ်မြေပြင်မှာ သေချာပေါက် သေဆုံးကြရမယ် ဆိုတာ သူတို့တွေ သိနေကြတယ် စစ်သားလေးတွေ အိမ်ပြန်နိုင်မည့်သူအလွန်ခဲရင်းတယ် ဆိုတာ သူတို့တွေသိနေကြတယ် ...
ဂျပန်နိုင်ငံကနေ မထွက်ခွါခင်မှာ yasukunijinja ဘုရားကျောင်းမှာ စစ်သားလေးနဲ့ မိဘတွေက ကတိပြုခဲ့ကြတယ်။ သူတို့ ၀ိဥာဉ်တွေ သေချာပေါက် yasukunijinja ဘုရားကျောင်းကို  ပြန်လာခဲ့မယ် မိဘတွေလဲ သေချာ မျော်နေကြတယ် အ၀ါရောမီးပုံလေးတွေမှာ သူတို့နိုင်ငံအတွက် ကျဆုံးသွားကြတဲ့ ဂျပန်စစ်သားတွေရဲ့ နာမည် အရပ်ဒေသ စာတန်းတွေ ထိုးထားပါတယ်... ၃ ရက်တိုင်တိုင် ပွဲတော် ကျင်းပပေးတယ် .... ပွဲတော်မှာ ရပ်နီးရပ်ဝေး မိသားစုဝင်တွေက ဟော်ခန်းကြီးတွေမှာလဲ ဂျပန်သံဃာတော်တွေကို ပင့်ဖိတ်ပြီး သူတို့ရိုးရာအတိုင်း ကောင်းမှုကုသိုယ်တွေပြုပေးကြတယ် ...
 
အထူးခြားဆုံးကတော့ ကျောင်းဝင်းအလည်လောက်မှာ အဖြူရောင် စလိုက်မီးကို ကြက်ခြေခတ် ထိုးထားတဲ့နေရာလေးက ၀ိဥာဉ်တွေ ရောက်လာတဲ့နေရာလမ်း သတ်မှတ်ထားတယ်လို့ ရှင်းပြပါတယ်။
 
ကျင်းပလာတာလဲ ၁၉၄၆ ခုနှစ်ကတည်းက ကျင်းပလာတာ (၆၇) ကြိမ်ရှိခဲ့ပါပြီ .
 
မှတ်တမ်းပုံ

0 comments: