Saturday, June 22, 2013

ကွတ်ခိုင်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် T.N.L.A တို့ စစ်ပွဲများ ပြင်းထန်နေ

 
ဇွန်လ၊ ၂၂ရက်၊ ၂၀၁၃
 
ကွမ်လုံအခြေစိုက်မြန်မာစစ်တပ် ခလရ တပ်ရင်း ၁၄၅နှင့် ကွတ်ခိုင်အခြေစိုက်တပ်ရင်း ၄၅တို့မှ T.N.L.A ထိန်းချုပ် နယ်မြေအတွင်းသို့ ထိုးစစ်ဆင်းနေခြင်းကြောင့် ယနေ့ ဇွန်လ ၂၂ရက်နေ့ မနက် ၈နာရီကျော်အချိန်တွင် T.N.L.A တပ်ရင်း ၁၀၁ တပ်ခွဲ ၂ နှင့်တိုက် ပွဲတစ် ကြိမ်ဖြစ်ပွားခဲ့ပြီ နေ့လည်ပိုင် ၁၁ နာရီ ၄၅မီနစ်တွင် T.N.L.A တပ်ရင်း ၁၁၂ နှင့်တစ်ကြိမ် ထပ်မံရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေကြောင်း သိရှိရသည်။
 
မြန်မာတပ်ရင်း ၁၄၅နှင့် တပ်ရင်း ၄၅ ပူးပေါင်းတပ်တို့မှ ကွတ်ခိုင်မြို့နယ် T.N.L.A ထိန်းချုပ် နယ်မြေအတွင်း စစ်တပ်အင်အား ထိုးစစ်ဆင်းလာသဖြင့် T.N.L.A တအာင်း(တအန်း) တပ်မတော်နှင့် ရင်ဆိုင်တိုက်ပွဲ ဆက်တိုက်ဖြစ် ပွားကြောင်း သိရှိရသည်။
 
ယနေ့မနက် ၈ နာရီအချိန် ကွမ်လုံအခြေစိုက် ခလရ တပ်ရင်း ၁၄၅မှ T.N.L.A ၁၀၁ တပ်ရင်းတပ်ခွဲ ၂ နှင့် K.I.A တပ်ရင်း ၈ တပ်ခွဲတို့ကို စတင်ပစ်ခတ်ခြင်းကြောင့် ၃၀ မီနစ် ကြား နှစ်ဖက် ရင်ဆိုင်တိုက်ပွဲဖြစ်ပြီ မြန်မာစစ်သား ၂ ဦး သေဆုံး သွားကြောင်း သိရှိရသည်။
 
ဇွန်လ ၂၂ ရက်နေ့ နေ့လည်ပိုင် ၁၁ နာရီ ၄၅ မီနစ်အချိန်တွင် ကွတ်ခိုင်အခြေစိုက် ခလရ တပ်ရင်း ၄၅ တပ်ရင်းနှင့် T.N.L.A တပ်ရင်း ၁၁၂ တပ်ရင်းတို့ ကွတ်ခိုင်မြို့နယ် လွယ်ကျ ရမ်းကျေးရွာအနီးတွင် မီနစ် ၃၀ လောက် ရင်ဆိုင်ဖြစ်ပွားကြောင်း သတင်း ရရှိပါ သည်။ ကွတ်ခိုင်မြို့နယ်ရှိ T.N.L.A/ K.I.A ထိန်းချုပ်နယ်မြေအတွင်း ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် တိုက်ပွဲပေါင်း သုံးကြိမ်ဖြစ် ပွားလျက်ရှိကြောင်း သိရှိရပါသည်။
 
သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A

0 comments: