Thursday, June 20, 2013

T.N.L.A ၁၁၂တပ်ရင်းနှင့် မြန်မာတပ်ဖွဲ့ ၁၄၅ တို့ တိုက်ပွဲတွင် မြန်မာဖက်မှ ၄ ဦးကျဆုံး


၁၉ရက်၊ ဇွန်လ၊ ၂၀၁၃

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (T.N.L.A) တပ်ရင်း ၁၁၂ နှင့် ကွန်လုံမြို့အခြေစိုက် မြန်မာ တပ်ရင်း ၁၄၅ အဖွဲ့တို့ ယနေ့ ၁၉ရက်နေ့ ၊ မနက်ပိုင်း ၅ နာရီခွဲမှ ၇ နာရီခွဲအထိ ၂ နာရီနီးပါး ငေါ့ငါးကျေးရွာ အထက် တွင် တိုက်ပွဲထပ်မံဖြစ်ပွားနေကြောင်း သိရှိရသည်။
...
မြန်မာတပ်ဖွဲ့မှတပ်ရင်း ၁၄၅မှ ယနေ့မနက်ပိုင်း ၅း၃၀နာရီ မှ ၇း၃၀နာရီအထိ လက်နက်ကြီး များဖြင့် အလုံပေါင်း ၄၀-၅၀ အထိ T.N.L.A တပ်ရင်း ၁၁၂တို့၏ ပြောက်ကျား တပ်စခန်းရှိ ရာ တောင်ထိပ်ဆီသို့ ပစ်ခတ်ပြီ် နှစ်ဖက် တိုက်ပွဲ ပြင်း ထန်နေကြောင်း သိရှိရပါသည်။

T.N.L.A ၁၁၂ တပ်ရင်းမှူး တာဝိန်းမာနှ်မှ ယနေ့မနက် ၅နာရီ အချိန်မှာ ကျနော်တို့ ၂ နာရီ နီးပါးတိုက်ပွဲဖြစ်နေသလို မနေ့ ၁၈ရက် နေ့လည် ၁၁ နာရီခွဲကနေ ၁၂ နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၂ နာရီက နေ ၆ နာရီအထိ တိုက်ပွဲဆက်တိုက်ဖြစ်နေတာ မြန်မာစစ်သား ဖက် ၄ဦးသေ တယ်၊ ဒဏ်ရာရတဲ့
စစ်သားတွေကိုတော့ မသိရသေး ဘူးဟု ပြောသည်။

ဒေသခံတစ်ဦးမှ မနေ့ကလဲ တအာင်းတပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့တို့ မွန်းလွဲ ၂ နာရီ အချိန် မှာ နှစ်ဖက်တိုက် ပွဲဖြစ်ကြ တာ ၃ နာရီကျော်ကြာတယ်. ဒီမနက်လဲ ၅း၀၀ နာရီကျော် အချိန်မှာ လည် ထပ်ဖြစ်တယ၊် လက်နက်ကြီးအသံ တွေ အချက်ပေါင်း ၅၀ လောက်ရှိ မယ်ထင် တယ် ဟု ပြောပြသည်။

ဇွန်လ ၁၈ရက်နေ့ မွန်လွဲ ၂း၀၀ နာရီ မြန်မာတပ်ဖွဲ့တပ်ရင်း ၁၄၅ နှင့် T.N.L.A တပ်ရင်း ၁၁၂တို့ တိုက်ပွဲတွင် မြန်မာတပ်ဖွဲ့မှ စစ်သား ၄ ဦးသေဆုံးပြီး ဒဏ်ရာရသည့် စစ်သားများအရေအတွက် အတိအကျ မသိရသေး ကြောင်း သိရှိရပါသည်။

ကွတ်ခိုင်မြို့နယ် ငေါ့ငါးကျေးရွာတွင် ကွန်လုံအခြေစိုက် မြန်မာတပ်ဖွဲ့ ၁၄၅ တပ်ရင်းနှင့် T.N.L.A တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်ရင်း ၁၁၂တို့မှ တိုက်ပွဲပေါင်း ၃ ကြိမ် ဆက်တိုက်ဖြစ်နေတာကြောင့် ဒေသခံများမှ အလွန်စိုရိမ်းနေကြကြောင်း သိရှိရပါသည်။

ဆက်သွယ်ရန်၊ +၈၆ ၁၈၃ ၁၃၄ ၆၈၇၃၀၊ ၁၈၃၀ ၆၉၄ ၆၀၉၇
သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A


0 comments: