Wednesday, June 19, 2013

ကွတ်ခိုင်မြို့နယ် T.N.L.A တအာင်းတပ်ဖွဲ့ ၁၁၂နှင့် မြန်မာတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေ

 
၁၈ရက်၊ ဇွန်လ၊ ၂၀၁၃။
 
ကွတ်ခိုင်မြို့နယ်အခြေစိုက် (T.N.L.A) တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၁၁၂ နှင့် ကွန်လုံမြို့ အခြေစိုက် မြန်မာတပ်ရင်း ၁၄၅ အဖွဲ့တို့ ယနေ့ ၁၈ရက်၊ ဇွန်လ နေ့လည်ပိုင် ၁၁း၃၀ မီနစ်အချိန်တွင် ကွတ်ခိုင်မြို့နယ် ငေါ့ငါးကျေးရွာအထက်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေကြောင်း သိရှိရသည်။
 
T.N.L.A တပ်ရင်း ၁၁၂ တို့၏ ပြောက်ကျားတပ်စခန်းရှိရာ တောင် ထိပ်ဆီသို့ မြန်မာတပ်ဖွဲ့ တပ်ရင်း ၁၄၅ အင်အား ၁၂၀ ကျော် လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲ ပြင်းထန် နေကြောင်း သိရှိရပါ သည်။
 
T.N.L.A မှတပ်ရင်း ၁၁၂ တပ်ရင်းမှူး တာဝိန်းမာနှ် ဦးဆောင်သည့် တအာင်း(ပလောင်) တပ်ဖွဲ့ နှင့် ကွန်လုံမြို့ အခြေစိုက် တပ်ရင်း ၁၄၅ မှ ဗိုလ်မှူး စောယုနိုင် ဦးဆောင် သည် မြန်မာတပ်ဖွဲ့တို့ ကွတ်ခိုင်မြို့နယ် ငေါ့ငါးကျေးရွာ အနီးတွင် နှစ်ဖက်တပ် ရင်ဆိုင် တိုက်ပွဲဖြစ်နေသည့်ဟု သိရှိပါ သည်။
 
T.N.L.A ၁၁၂ တပ်ရင်းမှူးမှ“ ကွန်လုံအခြေစိုက်တပ်ရင်း ၁၄၅ ဖြစ်တယ်၊ ဗိုလ်မှူးစောယူနိုင် ဦးဆောင်တဲ့ တပ်ဖွဲ့နဲ့ ကျနော်တို့ တိုက်ပွဲဖြစ်တာ သူတို့ လက်နက်ကြီးနဲ့ ၄-၅ ချက်လောက် ပစ်တယ်.ကျနော်တို့လဲ ပြန်လည် ခုခံတိုက်နေတာ ထိခိုက်သေးဆုံးမှုတော့ အတိအကျ မသိ ရသေးဘူး“ဟု ပြောသည်။
 
ယခုသတင်းရေးနေသည့်အချိန်တွင် အင်အား ၁၂၀ ရှိ မြန်မာတပ်ဖွဲ့မှ ကွတ်ခိုင်မြို့ နယ် ငေါ့ငါးကျေးထဲသို့ ပြန်လည် ၀င်ရောက်နေကြောင်း သိရှိရပါသည်။
 
သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A

0 comments: