Thursday, June 27, 2013

KIA,တပ်ရင်း (၃၆) ဒေသ ဖိုင်ကောင်းတွင် တိုက်ပွဲပြင်းထန်နေ

(ဓါတ်ပုံ-စစ်ပွဲ ဖြစ်ပွားရာလယ်ကွင်း)
ဇွန် (၂၆) ဗုဒ္ဓဟူး။

 ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ ထိန်းချုပ်နယ်မြေဖြစ်သော ရှမ်းပြည်မြောက်ပိုက် ကေအိုင်အေ တပ်မဟာ (၄) လက်အေက် ကေအိုင်အေ တပ်ရင်း (၃၆) ဒေသတွင် ဗမာအစိုးရ ခလရ (၁၂၈) တပ်များနှင့် ကေအိုင်အေ မျိုးချစ်ရဲဘော်များ တိုက်ပွဲဖြစ်ပွားလျှက်ရှိကြောင်း သတင်းရရှိပါသည်။
 
ကေအိုင်အေ တပ်ရင်း (၃၆) ဒေသ ဖိုင်ကောင်းကျေးရွာရှိ ဘုရားရှိခိုးကျောင်း အောက်နား လယ်ကွင်ပြင်တွင် ယနေ့ည (၈း၀၀) နာရီအချိန်ခန့်မှ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယခုတင်းရေးသားချိန်အထိ တိုက်ပွဲများပြင်းထန်လျှက်ရှိကြောင်း သိရှိရပါသည်။ ဗမာစစ်တပ်ဘက်မှ လက်နက်ကြီးများကို အသုံးပြုပစ်ခတ် နေကြောင်းလည်း သတင်းရရှိပါသည်။
သတင်းရင်းမြစ် - ကချင်သတင်းဌာန

0 comments: