
ကချင်ပြည်နယ် မနောကွင်းတွင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ်များ နှင့် ကချင်ပြည်သူလူထုများတွေ့ဆုံ စဉ် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်မှ ပြောကြားချက်များ။( စ-ဆုံး)
ဦးဆွမ်းလွတ်ဂမ် မှယခုကဲ့သို့ ကချင်ပြည်သူုလူထုများနှင့် တွေ့ဆုံရသည့် အတွက် ၀မ်းသာကြောင်းနှင့် ကချင်လူငယ်များ၊ ဒေသခံများ၊ ကချင်စစ်ရှောင်တိမ်းနေထိုင်
ထို့နောက် ဗိုလ်ချုပ်ဦးဆွမ်လွတ်ဂွန်ေ
စစ်စဖြစ်ခါစ အချိန် ၂၀၁၁၊ဇွန်လနောက်ပိုင်း အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် ကျွန်တော်တို့ လဂျားယန်မှာ တွေ့ဆုံတဲ့အခါ “ ဒီစစ်ပွဲကို ရပ်ရမယ်”လို့ ကျွန်တော်တို့ KIO တွေ အစိုးရ ကိုယ်စားလှယ်အဖွဲ့ ကိုပြောတယ်။ ဒါကြောင့်မို့ ကန့်သတ်ချက်၊တောင်းဆိုမှု တွေ ဘာမှမပါတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ရေးထိုးရအောင် ဆိုပြီး KIO ကိုယ်စားလှယ်တွေ တောင်းဆိုခဲ့တယ်။ဒါပေမဲ့
အစိုးရကိုယ်စားလှယ်အဖွဲ့တွေ
အဲဒီအချိန်မှာ အစိုးရကိုယ်စားလှယ်ဘက်မှာ ဗိုလ်ချုပ်သန်းအောင် ပါခဲ့တယ် ၊အစိုးရတို့ဘက်မှ အကြောင်းအမျိုးမျိုးရှိသည့်
KIO ဘက်မှလည်း ဤကိစ္စရပ်များသည် နိုင်ငံရေးပြဿနာကြောင့် ဖြစ်လာသည့် အတွက် နိုင်ငံရေးအရဖြေရှင်းရမည် ကို နားလည်ထားသည့်အတွက် စစ်ဖြစ်နေစဉ်တွင် ထိုပြဿနာ ကိုဆွေးနွေးရန် KIO အနေနှင့် ကိုယ်စားလှယ်များ ရွေးချယ်ကာ အစိုးရကိုယ်စားလှယ်များနှင်
ကချင်ပြည်သူလူထုများ အနေနဲ့ ဆွေးနွေးမှု အကြိမ်ကြိမ်ပြုလုပ် ခဲ့သော်လည်း အဖြေမရရှိသည့်အတွက် KIO ကို မေးခွန်းတွေအများကြီး မေးခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ဆွေးနွေးပွဲ တတ်ရတဲ့ကြောင်းရင်း (၃)ချက်ရှိပါတယ်။
တစ်အချက်အနေနဲ့ KIO ဘက်မှလိုလားတဲ့ နိုင်ငံရေးအဖြေကို ဆွေးနွေးပွဲမှာ ရရှိမည်ဆိုတာ ကို မျှော်လင့်တဲ့အတွက်ဖြစ်တယ်။
နှစ်အချက်အနေ KIO တွေမှန်တယ် ဆိုတာ သက်သေပြရန် ဖြစ်တယ်။
အားလုံးသိထားသည့် အချက်ဖြစ်သော KIO ၏အဓိပ္ပာယ်ကို ရှင်းလင်းတင်ပြချင်ပါတယ်။ KIO အနေဖြင့် လွန်ခဲ့သည့် အချိန်မာ I= Independant ဆိုတဲ့အနက်ကို ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်။ Independant ၏အနက်အဓိပ္ပာယ်ကို နှစ်မျိုးနားလည်ထားရန် လိုတယ်။
တစ်အချက်အနေနဲ့ I= Independent သည် KIO အနေဖြင့် တော်လှန်ရေးစလုပ်ခဲ့စဉ် အားလုံးကို ကိုယ်စားပြု ပြီး အသုံးဝင်ခဲ့သည့် စကားလုံးဖြစ်ခဲ့တယ်။
နှစ်အချက်အနေနဲ့ ယခုကျွန်တော်တို့ လိုချင်နေသည့် စကားလုံးကို မီးမောင်းထိုးပြနေသည့် စကားလုံးဖြစ်တယ်။
နံပါတ်သုံး အနေဖြင့် လွတ်မြောက်ရေး ဆိုတာဖြစ်တယ်။ လွတ်မြောက်ရေးလို့ ပြောသည့်နေရာမှာ ဖိနှိပ်ချုပ်ချယ်မှု အားလုံးမှ လွတ်မြောက်ရေး (freedom)ကို ဆိုလိုတာဖြစ်တယ်။
ဥပမာ KIO လွတ်မြောက်နေမြေကို ရောက်ရှိလာသည့် လူငယ်တစ်ဦးရဲ့ ပြောဆိုပုံတွေက လွတ်လပ်မှု အပြည့်အ၀ ရရှိပြီး ပြောဆိုနိုင်တယ်၊ မြို့  ပြ မှာရှိတဲ့ လူငယ်တစ်ဦးရဲ့  ပြောဆိုပုံနဲ့ အတော့်ကို ကွာခြားပါတယ်။
ဒါတောင်လွတ်လပ်တဲ့ နိုင်ငံတောင်မဟုတ်သေးဘူး။ NLD ပါတီက ညီနောင်တွေက လွတ်မြောက်နယ်မြေလို့ ပြောတယ်။အဲဒီနေရာမှာတောင် လွပ်လပ်စွာပြောဆိုလို့ရတယ် စိုးရိမ်ကြောင့်ကြမှု ကင်းစွာနဲ့ နေထိုင်ရတဲ့ အာနိသင်ကတော့ အလွန်ဘဲ ကွာခြားလှပါတယ်။
KIO နေဖြင့် အစိုးရ၏ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် တစ်ကမ္ဘာလုံး ကိုလည်း ကျွန်တော်တို့ ကချင်လူမျိုးများသည် လွတ်မြာက်ရေး ကို လိုလားသည့် လူမျိုးများဖြစ်ကြောင်း တဲ့ အကြောင်း အမြဲတမ်းပြောဆိုနေတယ်။
“ယနေ့ ကျွန်တော်တို့လူမျိုးတွေ စစ်မှန်တဲ့ပြည်ထောင်စုစနစ် (Federal) တောင်းတယ်။ ၁၉၄၇ ခုနစ်မှာ ကချင်မျိုးနွယ်စု အသီးသီးမှခေါင်ဆောင်များနှင
စစ်မှန်တဲ့ ပြည်ထောင်စုစနစ်၏ အနှစ်သာရဖြစ်သည့် ကိုယ့်ကံကြမ္မာဖန်တီးပိုင်ခွ
စစ်စဖြစ်ချိန်တွင် ထိုကိစ္စရပ်များကို ဆွေးနွေးပြောဆိုဖို့ အတွက်စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်။ ယနေ့အချိန်မှာ တော့ပွင့်လင်းလင်းနဲ့ လူငယ်တွေလူကြီးတွေ ဆုတောင်းဝတ်ပြု တွေလွပ်လွပ် လပ်လပ်နဲ့ ပြုလုပ်လို့ရပြီ။
ဆရာကြီးဦးဆွမ်လွတ်ဂမ်ပြော သလိုဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖို့
ကချင်လူမျိုးများအနေဖြင့် တူညီနေရမည့် အချက်တွေက တော့-
၁။ ကျွန်တော်တို့ ကချင်လူမျိုးများသည် လွတ်မြောက်ရေး ကိုလိုချင်တဲ့ လူမျိုးတွေဖြစ်တယ်။
၂။ကျွန်တော်တို့ အကိုကြီးများ ပြုလုပ်ခဲ့သည့် စစ်မှန်သော ပြည်ထောင်စုစနစ် ပေါ်ပေါက်လာ ဖို့ တောင်းဆိုနေ တယ်။စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ဖြစ်လာပြီ ဆိုရင်ကျေနပ်လိုက်မှာဖြစ်တယ
၂၀၁၂၊ဒီဇင်ဘာလမှာ စစ်ရေးအရှိန်အဟုန် ပြင်းထန်လာတဲ့ အတွက် ကျွန်တော်တို့ KIO ဗဟိုကော်မတီများ အနေဖြင့် UN, US, UK, China စသည့်နိုင်ငံတွေကို အကူအညီတောင်းခံမှု တွေပြုလုပ်ခဲ့တယ်။ ဇန်န၀ါရီ ၂၀ ရက်နေ့တွင် တရားဝင်စာဖြင့် အကူအညီတောင်ခံမှုတွေပြုလုပ်
UN က ကမ္ဘာအဖွဲ့အစည်းဖြစ်တဲ့ အတွက်အကူအညီတောင်းခံရခြင်ြး
အဲဒါကြောင့် KIO က ကမ္ဘာနိုင်ငံခေါင်းဆောင်တွေက
US ကိုကျွန်တော်တို့တောင်းဆိုတ
China က ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းနိုင်ငံဖြစ
UK နိုင်ငံကို ကျွန်တော်တို့ အရေးကိစ္စမှာ ပါဝင်ကူညီဖို့ ပြောတယ်။ဘာကြောင့်လဲဆိုရင် အရင်တုန်းက ဗမာလူမျိုး နဲ့ ကချင်လူမျိုးတွေ တစ်သီးခြား နေထိုင်တယ်ဆိုတာ သူဘဲသိတယ်။ တစ်သီးတခြားနေထိုင် တဲ့လူမျိုးတွေကို သူလာအုပ်ချုပ်ခဲ့တယ်။ လွပ်လပ်ရေးပေးခဲ့တဲ့အချိန်မ
Wunghpawng Mungdan ဆိုတာက ကျွန်တော်တို့ရဲ့ နေမြေမှာ ကျွန်တော်တို့အုပ်ချုပ်တယ်၊
Jinghpaw Mungdan ကို Wunghpawng Mungdan လို့ပြောချင်တာမဟုတ်ဘူး။ Jinghpaw Wunghpawng , Wunghpawng ဆိုပြီး ကျွန်တော်တို့ မျိုးနွယ်စုတွေရဲ့ အကြောင်း ပြောတယ်။မျိုးနွယ်စု အားလုံးမှာ ဘာသာစကား၊ စာပေ ၊ ဘုရားကျောင်း၊ ကျမ်းစာကျောင်း၊ သင်းအုပ်ဆရာ၊ ဓမ္မဆရာတွေ အသီးသီး ရှိတယ်။ဒါတွေကို တန်ဖိုးထားလေးစား သလို Kachin လူမျိုးတွေရဲ့  ဘုံဘာသာစကား ဖြစ်တဲ့ ကချင်စာ၊ကချင်စကား ကိုလည်း လေးစား မြတ်နိုးဖို့လိုတယ်။ ဒီလိုပြုလုပ်တာဟာ ကျွန်တော်တို့ ရဲ့ အမျိုး မပျောက်သွားအောင် ထိန်းသိမ်းနေခြင်း ဖြစ်တယ်။
ယနေ့ မြန်မာနိုင်ငံအစိုးရပြော နေတဲ့ တိုင်းရင်းသားစုစုပေါင်း (၁၃၅)မျိုးရှိတယ်လို့ပြောတယ
ကမ္ဘာနိုင်ငံရေး သိပ္ပံ(Political Sciencs) အရဆိုရင် ယနေ့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ကို တိုင်ရင်းသား ဆိုပြီး သတ်မှတ်မယ် ဆိုရင် Ethnic Nation State Position မှာရှိရမယ်။ Kachin လို့ပြောလိုက်တာနဲ့ Ethnic Nation State Position မှာရှိတယ်။လော်ဝေါ၊ လချိတ်၊ ဇိုင်ဝါး လို့ပြောလိုက်တာ နဲ့ Ethnic Nation State Position မှာ မရှိတော့ဘူး။
Ethnic Nation State Position (တိုင်းရင်းသား) ဟုသတ်မှတ်ခံရ ဖို့ အချက်(၄)ချက်လိုတယ်။
၁။Ethnic Nation Community လူမျိုးကြီး အဖြစ် အချိန်ကြာမြင့်စွာ ရှင်သန်နေထိုင်ခဲ့သည့် အမျိုး ဖြစ်တယ်။ kachin လို့ပြောလိုက်တာနဲ့ အချိန်ကြာမြင့်စွာ ရှိခဲ့တဲ့ လူမျိုးဆိုတာကို သိနိုင်တယ်။ Kachin ဆိုတာက Ethnic Nation Community ဆိုတဲ့နေရာ မှာ ရပ်တည်နေတဲ့ အမျိုးတွေဖြစ်တယ်။
၂။System of Self Government လို့ခေါ်တဲ့ ကိုယ့်လူမျိုးကို ကိုယ်တိုင်အုပ်ချုပ်ခဲ့တဲ့ နောက်ခံသမိုင်း၊ဓလေ့ ထုံးတမ်း၊ ပုံစံ ရှိတဲ့လူမျိုးကို လည်း တိုင်းရင်းသားလို့သတ်မှတ်တယ
၃။National Language and writing literature လို့ပြောတဲ့ မိမိလူမျိုး၏ ဘာသာစကား၊စာပေရှိခြင်း။
၎။Land လို့ပြောတဲ့ ဌာနေပိုင်ဆိုင်တဲ့လူမျိုးတေ
ဒါတွေနဲ့ပြည့်စုံမှ ကမ္ဘာက သတ်မှတ်ထားတဲ့ တိုင်းရင်းသားအခွင့်အရေးတွေ
ယနေ့ကျွန်တော်တို့ကို ပြောတယ် မျိုးနွယ်စုတိုင်းကို ၀န်ကြီးပေးမယ်လို့ပြောတယ်။ အထက်ပါအကြောင်းအရာ တွေနဲ့ ကောင်းကောင်းစဉ်စားတွေးခေါ်ဖ
၂၀၀၉ BGF Proposal ပေးတုန်းက KIO တွေ အစိုးရအဖွဲ့ ပြောတယ် ကျွန်တော်တို့ KIO တွေ မြစ်ကြီးနားမှာ လာထိုင်ပြီး လာအုပ်ချုပ်မယ်လို့ပြောတာ အဟုတ်ဘူး။ ကချင်ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင် ဘယ်လောက်ရှိ လဲဆိုတာ ကိုမေးတာ ဖြစ်တယ်။ ကျွန်တော်တို့ KIO အဖွဲ့တွေအာဏာရရှိ ဖို့ ကြိုစားနေ တာမဟုတ်ဘူး။ ဗန်းမော်မှာ ရွေးကောက်ပွဲဝင် တာ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ကနေ ကချင်ဘယ်သူမှ မပါဘူးဆိုတာတွေ ဖြစ်တယ်။
ယနေ့ ကျွန်တော်တို့နိုင်ငံ မှာသင်ရိုးညွန်းတန်း အစိုးရတာဝန်ယူတယ်။ အရင်တုန်းက သင်ခဲ့ရတဲ့ သင်ရိုးညွန်းတန်း နဲ့ ယနေ့သင်ကြားနေတဲ့ သင်ရိုးညွန်းတန်းက အတူတူဖြစ်နေတယ်။ သင်ရိုးညွန်း တန်းကို လုပ်သင့် တာက ယနေ့ ကျွန်တော်တို့ ကချင်ပြည်နယ်မှာ ဘာတွေသင်ရမလဲ။ ပညာရေးဆိုရင်းလည်း Policy ရှိတယ်။ ဥဗမာ စိုက်ပျိုးရေး ဆိုရင် ဒီမှာ စပါးစိုက်ရင် စပါးစိုက်နည်းသင်မယ်။ ပြောင်းဖူးစိုက်ရင် ပြောင်းဖူးစိုက်တဲ့နည်း သင်မယ်။ ကချင်ပြည်နယ်မှာ စိုက်လို့ မရတဲ့ အကြေင်းတွေ ဘာကြောင့်သင်နေရမလဲ။ အဲဒါမှ ဒီနှစ်ပညာရေး Budget ဘယ်လောက်ရှိမလဲ ပညာရေးဌာနက ကချင်ပြည်နယ်အစိုးရကို တင်ပြမယ်။ ကချင်ပြည်နယ်အစိုးရကလည်း အစိုးရ၀င်ငွေခွန်မှာ ကြည့်မယ် လိုသလောက်ပေးမယ်။ပိုတာတွေကိ
ယနေ့ ပြည်သူတွေ ကျွန်တော်တို့ကို မေးခွန်းမေးတယ်။တချို့ က Aungdawm လို့ပြောတယ်။ တချို့က Federal လို့ပြောတယ်။ Federal ဆိုတာက System ဖြစ်တယ်။ Aungdawm ဆိုတာက လုပ်ပိုင်ခွင့်အာဏာ ဖြစ်တယ်။ လုပ်ပိုင်ခွင့်အာဏာကို အစိုးရ၊ပြည်သူ၊ KIO တို့ပူပေါင်းပြီး တည်ဆောက်ရမှာဖြစ်တယ်။ federal တည်ဆောက်ဖို့ ပြည်သူဆီမှာ အခွင့်ရှိတယ်။ နိုင်ငံတော်ဆိုတာဘာလဲ။ နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ကို ဘယ်သူပိုင်သလဲ။ ဘယ်သူတွေက ကာကွယ်ထားသလဲ ဆိုတာဖြစ်တယ်။
၂၀၀၉ BGF လို့အစိုးရပြောတဲ့ အခါ BGF ဆိုတာ နိုင်ငံကို ကာကွယ်ဖို့ အခွင့်အရေး မရှိဘူး။ KIO ဆိုတာ ကချင်ပြည်နယ်ကို ကာကွယ်ဖို့တာဝန်ရှိတယ်။ ယနေ့ ကမ္ဘာမှာ တော်လှန်ရေး လုပ်တဲ့ တော်လှန်ရေးအဖွဲ့တွေ အများကြီးရှိတယ်။ ပြဿနာက လက်နက်ကိုင် တဲ့ တော်လှန်ရေးသမားတွေ ကို ဘယ်လိုလုပ်ရလဲ ဆိုတာဖြစ်တယ်။ KIO မှာက အဖြေရှိတယ်။ မြန်မာနိုင်ငံကို ပြည်ထောင်စု မြန်မာနိုင်ငံလို့ ပြောတာဘဲ ဒါကြောင့်မို့ ပြည်ထောင်စု တပ်မတော်ဖွဲ့ရအောင် KIO ကိုပြည်ထောင်စု တပ်မတော်ထဲ ထည့်လိုက်မယ်လို့ KIO ရဲရဲဝံ၀ံပြောတယ်။
နိုင်ငံတော်ကို ကာကွယ်ဖို့ဆိုတာ တပ်မတော်မှာဘဲ တာဝန်ရှိတယ်။အဲဒီတာဝန်ကို ဘာကြောင့် KIO ကို မပေးချင်ရတာလဲ။ယနေ့ကျွန်တော
ကျွန်တော်တို့တွေဘဲ ဖြေရှင်းလို့မရတော့တဲ့ အတွက် နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကို ကျွန်တော်တို့ အကူအညီတောင်ခံပြီး ဖိတ်ခေါ်ပြီး။ ဒီလိုဖိတ်ခေါ်တဲ့နေရာမှာ ကျွန်တော်တို့ ကချင်လူမျိုးတွေ အနေနဲ့ ကြိုတင်ပြီး စိတ်ကို ပြင်ဆင်ထားဖို့လိုတယ်။ ကျွန်တော်တို့လိုချင်တဲ့ အရာ၊ ဖြစ်ပျက်နေတဲ့အခြေအနေ၊ အစိုးရ ရဲ့ လက်ရှိအခြေအနေ၊ ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာ အချက်အလက်တွေ အပေါ်ကြည့် ပြီး ကျွန်တော်တို့ လုပ်ဆောင်သွားဖို့ လိုတယ်။
ကျွန်တော်တို့ ရွှေလီမှာ လုပ်ခဲ့တဲ့ဆွေးနွေးပွဲမှ KIO လိုချင်တဲ့ အဆင့်(၃)ဆင့် ပါတဲ့ proposal ကို အစိုးကို ပေးခဲ့ပြီ။အဆင့်(၁) အနေဖြင့် တစ်ဖွဲ့ နှင့်တစ်ဖွဲ့ နိုင်ငံရေးအရ ဖြေရှင်းချင်သော စိတ်ဓာတ်ရှိရမည်။ စစ်ရေးကို လျှော့ချရမယ်လို့ပြောတယ်။အခ
အဆင့်(၂) အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်သင့်တဲ့သူတွေအားလုံးပါ
အဆင့် (၃)အနေနဲ့ အဆင့်(၂)မှာ ရထားတဲ့အချက်တွေကို လွတ်တော်ပြင်ပမှာ သဘောတူညီချက် ရယူမယ်။ လွတ်တော်ပြင်ပမှာ သဘောတူညီချက်ရပြီး မှသာလျှင် လွတ်တော်မှာ တင်သွင်းသွားမယ်။ ဆိုတာတွေဖြစ်တယ်။
ကျွန်တော်တို့ အဆင့်(၂)ရောက်အောင်ကြိုးစား
ကျွန်တော်တို့ကို ကြိုဆိုတဲ့အချိန်မှာ ပြည်သူတွေပြောတယ် Awngdan sai, Awngdawm ဆိုပြီးအော်တယ်။ အားလုံးသိအောင် ကျွန်တော်တို့ဆန္ဒတွေကို ဖော်ထုတ်လိုက်ပြီဖြစ်တယ်။Fe
ယနေ့ကျွန်တော်တို့ ကြိုးစားတဲ့နေရာမှာ နိုင်ငံတချို့ ကို စံနမူနာ ထားပြီးကြိုးစားရမှာဖြစ်တယ်
ကျွန်တော်တို့လိုချင်တဲ့ နေရာရောက်အောင် ကြိုးစားပြီးသွား တဲ့ နေရာမှာ နည်းလမ်းမှန်ဖို့ လိုတယ်။ ပြည်သူတွေ တော်လှန်ရေးလုပ်တဲ့အဆင့် ကို ရောက်ဖို့ လိုအပ်တယ်။ အားလုံး သေနတ်ကိုင်ဖို့ ပြောနေတာမဟုတ်ဘူး။ကျွန်တော်
ကျွန်တော်တို့တွေ ကိုယ်ရဲ့ အလုပ်အကိုင် ပေါ်မူတည်ပြီး အမျိုးသားရေး ကို လုပ်ဆောင်ရမယ်။ကိုယ် ရဲ့ အလုပ် အပေါ်မှာ အားလုံး အမျိုးသားရေးကို ကိုယ်စီလုပ်ကိုင်နေကြမယ် ဆိုရင် လက်နက်ကိုင်ပြီး တိုက်နေရတဲ့ စစ်ပူကို ရှောင်တိမ်းနိုင် ပြီး အမျိုးသားအားလုံးနဲ့ ပြည်သူတွေပါဝင်တဲ့ တော်လှန်ရေးဖြစ်လာမှာဖြစ်တယ
ကျွန်တော်တို့ KIO အနေဖြင့် ပြည်သူတွေကို ပြောချင်တာက အမျိုးသားရေးကို အစဉ်မပြတ်လုပ်ဆောင် ဖို့ရန် ဖြစ်တယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ အခြေအနေမကောင်းရင် ရပ်ထားရတယ်။ အမျိုးသားရေးဆိုတာ အမြဲလုပ်နေလို့ရတာ ဖြစ်ကြောင်း ပြောချင်ပါတယ်။KIO အနေဖြင့် ဆက်လက်ပြီး စစ်ရေးကို ကွေကွင်းပြီး နိုင်ငံရေးဆွေးနွေးပွဲ များကို ဆက်လျက် လုပ်ကိုင်နေအောင် ကြိုးစားသွားမယ်ဆိုတာ ကို ပြောချင်ပါတယ်။
တချို့ က ကျွန်တော်တို့ KIO ကို မေးတယ် ဘာလို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုး လဲ ဆိုပြီးမေးတယ်။ KIO အနေဖြင့် (၁၇)နှစ်ကြာ အပစ်အခတ်ရပ်စဲထားတဲ့ အတွေ့အကြုံအရ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ အခက်အခဲဖြစ်စေ တဲ့အတွက်ဖြစ်တယ်။ဒါကြောင့်ယ
အပစ်အခတ်လက်မှတ်မရေးထိုးဘဲန
ဒါကြောင့် KIO အနေနဲ့ NGOတွေ၊ဘာသာရေးအဖွဲ့ အစည်းတွေနဲ့ လက်တွဲပြီး သူတို့ရဲ့  ပညာရေးတွေ အတွက် လုပ်ဆောင်နေပါတယ်။ဒါတွေလည်း
ယနေ့ကျွန်တော်တို့ KIO အနေဖြင့် ပြည်သူလူထုများနှင့် အမြဲတမ်းထိတွေ့ နိုင်ဖို့အတွက် မြစ်ကြီးနား မြို့ တွင် technical team တွေဖွဲ့စည်းသွားပါမယ်။နောက်
by-Kachin Wave
Copy from -Jade Land
0 comments:
Post a Comment