Tuesday, June 11, 2013

ကမ္ဘာ့လူသားအရိုးတွေကမ္ဘာငြိမ်းချမ်းရေး အတွက် ဝါရှင်တန်ဒီစီမြို့တော်မှာ တွန်ကျူးတောင်းဆိုကြပြီ

 
ဆော်ဩလှုပ်ရှားမှုကြီးရဲ့ ဒုတိယနေ့အဖြစ် အဖွဲ့ပေါင်းစုံက နိုင်ငံပေါင်းစုံအကြောင်း လူသားချင်း အသိပညာပေး ပြခမ်းတွေဖွင့်ပြီး ပြသထားပါတယ်။

ကျောင်းသားမျိုးဆက်တွေကို ကိုယ်စားပြုပြီး မြန်မာပြည်အတွက် ဆွေးနွေးပွဲ မှာ ကျနော် စကားပြောရတယ်။ အချိန်တိုလေးပါ။ USCB က မိုင်ရာ အနုပညာ ဗီဒီယိုထုတ်လုပ်ရေး ကျောင်းဆင်း ကိုနေမင်းတာ နဲ့ ကျနော်တို့ အတိုချုံးဆွေးနွေး တင်ပြဖြစ်ကြတယ်။

 အရိုးအပိုင်းအစတွေ ဖရိုဖရဲ စုပုံနေတဲ့ အနား က တဲလေးထဲမှာ။ "အရိုးတစ်သန်း" က "ရတက်မအေးစရာ ယနေ့ကမ္ဘာ့အရေး နဲ့ လူသားတွေအတွက် ငြိမ်းချမ်းရေး အိမ်မက်တွေအကြောင်း မနက်ဖန် တွေအကြောင်း ပြောဖြစ်ကြတာ ဖြစ်ပါတယ်။

အရိုးတွေကို သက်သေတည်ပြီးတော့ ဒီနေ့ မြန်မာနဲ့ ကမ္ဘာပေါ်မှာလိုနေတာ စစ်မှန်တဲ့ ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေးအကြောင်း၊ ဒီကမ္ဘာမှာ ဆန့်ကျင်ကြရမှာ က လူသားခြင်း အမုန်းတရားတွေ နဲ့
လူတွေဖန်တီးတဲ့ စစ်ပွဲတွေ အကြောင်း လူသတ်လက်နှက်တွေအကြောင်း ဖြစ်ပါတယ်။

လူသားအချင်းချင်း ဖိနှိပ်အနိုင်ကျင့်သတ်ဖြတ်ရာမှ သေဆုံးသွားကြရှာတဲ့ အရိုးတစ်သန်းက သမိုင်းသန်းပေါင်းများစွာကို ဖော်ကျူးကြရင်း မြန်မာနိုင်ငံက ပြည်သူတွေအားလုံး ရင်ဆိုင်နေရတဲ့ ပြည်တွင်းစစ် နှစ်ရှည်ခရီးမှာ ကျဆုံးသွားကြရတဲ့ အရိုးတွေအကြောင်း၊ ကျောင်းသားမျိုးဆက်တွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွေအတွင်းမှာ ကျဆုံးသွားကြရတဲ့ အရိုးတွေအကြောင်း၊ လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာ ပေးဆပ်လိုက်ရတဲ့ ကျဆုံးသွားကြရတဲ့ အရိုးတွေအကြောင်း၊ အသက်ရှင်သူလူသားအပေါင်းက အသက်ဆုံးရှုံးကြရသူတွေ အားလုံးအတွက် အောက်မေ့ ဂုဏ်ပြုပါကြောင်း ပြောဖြစ်တယ်။

လူသားတွေအချင်းချင်း တရားဥပဒေကင်းမဲ့စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ကြတဲ့ စနစ်ဆိုး ခေတ်ဆိုး ခေတ်ညစ်တွေ လုံးဝ ပပျောက်ရန်မှာ ကျနော်တို့ လူသားတွေအားလုံးမှာ တာဝန်ကိုယ်စီယူပြီး လုပ်ဆောင်ကြဖို့ ဒီအရိုးတွေရဲ့ သတိပေးသံတွေကို လေးနက်စွာနားထောင်မိကြောင်းပြောဖြစ်တယ်။

မြန်မာပြည် နဲ့ နိုင်ငံသားတွေ အပြင် ကမ္ဘာ နဲ့ ကမ္ဘာလူအားအားလုံးကြားမှာ ဘာသာ လူမျိုး ဂိုဏ်းကဏ္ဍများ မခွဲခြားဘဲ လူသားဝါဒ ကို အခြေခံတဲ့စိတ်နဲ့ မိမိတို့ရောက်ရာအရပ်မှာ ကျရာတာဝန်ယူပြီး မြန်မာ့ငြိမ်းချမ်းရေး ကမ္ဘာငြိမ်းချမ်းရေးဖော်ဆောင်ကြဖို့ နှိုးဆော်တိုက်တွန်းခဲ့ပါတယ်

"အရိုးတစ်သန်း" အမည်ရှိ အနုပညာတော်လှန်ရေးလှုပ်ရှားမှုကြီး နဲ့ အဖွဲ့ပေါင်းစုံက နိုင်ငံပေါင်းစုံအကြောင်းလူသားချင်းအသိပညာပေး ပြခမ်းတွေဖွင့်ပြီး ပြသထားတဲ့အကြောင်းမှတ်တမ်းတင်ဓါတ်ပုံများ ကို မြန်မာနိုင်ငံပြည်သူများ ကြည့်ရှုနိုင်ရန် ဖြန့်ဝေလိုက်ပါတယ်။

 
Copy from - Zaw Win(FB)

0 comments: