
ရန်ကုန်၊ ဇွန် ၂၅
သမ္မတနေရာတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် တားမြစ်ထားသည်ဆိုသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို မပြင်ဆင်ပါက၂၀၁၅ ရွေးကောက်ပွဲတွင် သြစတြေးလျ အစိုးရအနေနှင့် အကူအညီ ပေးအပ်မည် မဟုတ်ကြောင်း သြစတြေးလျ-မြန်မာ ပါလီမန် အဖွဲ့ဥက္ကဋ္ဌ Ms. Janelle Saffin က The Voice သို့ ပြောကြားသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အကူအညီပေးအပ်ရန် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ တောင်းဆိုချက်ကို သြစတြေးလျ အစိုးရ က သဘောတူထားသော်လည်း လွတ်လပ်မျှတမှု မရှိနိုင်သော ရွေးကောက် ပွဲကိုမူ ကူညီမည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။
"ခြောက်ပြစ်ကင်း သဲလဲစင် ရွေးကောက်ပွဲမျိုးတော့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ လေဒီကို တားမြစ်ပုဒ်မ (The Lady Prohibition Section 59(f) ) ကတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအတွက် ခလုတ်ကန်သင်း တစ်ခုပါပဲ" ဟု Ms.Janelle က ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာ ဝင်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ကို တားမြစ်ထားခြင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှုကို အသိအမှတ်ပြုထားသော ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာ၏ ထောက်ခံ မှုကို ပျက်ပြားစေနိုင်ကြောင်း ၎င်းက ထောက်ပြသည်။
သမ္မတနေရာတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် သမ္မတဦးသိန်းစိန် အနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသော လုပ်ပိုင်ခွင့်ကို အသုံးချပြီး ပြည်ထောင်စု လွှတ်တော်သို့ ဖွဲ့စည်းပုံ ပြင် ဆင်ရေး ဥပဒေကြမ်း တင်သွင်းပေးနိုင်ကြောင်း Ms.Janelle က အကြံပြု သည်။
ရွေးကောက်ပွဲ အကူအညီ ပေးရေးနှင့် ပတ်သက်၍ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ယူ ဖြေကြားပေးမည့်သူမရှိကြောင်း ရုံးဝန်ထမ်းများက ဖြေကြားသည်။
ပြည်သူလူထု ထောက်ခံပါက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံ ပြင် ဆင်ရေး အခန်းရှိ ပုဒ်မ ၄၃၆ (က) ကို ရည်ညွှန်း၍ ပြောကြားထားသည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် သမ္မတဖြစ်လိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ သုံးဦး က ဝန်ခံ ပြောကြားထားသည်။
Copy from - The Voice Weekly
သမ္မတနေရာတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် တားမြစ်ထားသည်ဆိုသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို မပြင်ဆင်ပါက၂၀၁၅ ရွေးကောက်ပွဲတွင် သြစတြေးလျ အစိုးရအနေနှင့် အကူအညီ ပေးအပ်မည် မဟုတ်ကြောင်း သြစတြေးလျ-မြန်မာ ပါလီမန် အဖွဲ့ဥက္ကဋ္ဌ Ms. Janelle Saffin က The Voice သို့ ပြောကြားသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အကူအညီပေးအပ်ရန် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ တောင်းဆိုချက်ကို သြစတြေးလျ အစိုးရ က သဘောတူထားသော်လည်း လွတ်လပ်မျှတမှု မရှိနိုင်သော ရွေးကောက် ပွဲကိုမူ ကူညီမည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။
"ခြောက်ပြစ်ကင်း သဲလဲစင် ရွေးကောက်ပွဲမျိုးတော့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ လေဒီကို တားမြစ်ပုဒ်မ (The Lady Prohibition Section 59(f) ) ကတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအတွက် ခလုတ်ကန်သင်း တစ်ခုပါပဲ" ဟု Ms.Janelle က ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာ ဝင်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ကို တားမြစ်ထားခြင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှုကို အသိအမှတ်ပြုထားသော ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာ၏ ထောက်ခံ မှုကို ပျက်ပြားစေနိုင်ကြောင်း ၎င်းက ထောက်ပြသည်။
သမ္မတနေရာတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် သမ္မတဦးသိန်းစိန် အနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသော လုပ်ပိုင်ခွင့်ကို အသုံးချပြီး ပြည်ထောင်စု လွှတ်တော်သို့ ဖွဲ့စည်းပုံ ပြင် ဆင်ရေး ဥပဒေကြမ်း တင်သွင်းပေးနိုင်ကြောင်း Ms.Janelle က အကြံပြု သည်။
ရွေးကောက်ပွဲ အကူအညီ ပေးရေးနှင့် ပတ်သက်၍ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ယူ ဖြေကြားပေးမည့်သူမရှိကြောင်
ပြည်သူလူထု ထောက်ခံပါက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံ ပြင် ဆင်ရေး အခန်းရှိ ပုဒ်မ ၄၃၆ (က) ကို ရည်ညွှန်း၍ ပြောကြားထားသည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် သမ္မတဖြစ်လိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ပြည်သူ့
Copy from - The Voice Weekly
0 comments:
Post a Comment