

၇ -၆-၂၀၁၃ ရက် ယနေ့ နံနက်ကြီး ၃း၃၀ နာရီ တွင်အိုဟောင်းနေသော အိမ်တွင် လူခြောက်ယောက် အိပ်နေစဉ် လူတစ်စုသည် အိမ်နံရံ လေဝင်ပေါက်များမှ စပရေးများဖြင့် ဖြန်းပက်ရာ အိပ်နေသော(ခင်မောင်ဝင်း)တို့ လူခြောက်ယောက်သည် မျက်လုံးများ ဘာမှမမြင်နိုင်ဖြစ်ပြီး ဘာမှလည်းမမြင်ရ ဟိုစမ်းဒီစမ်း ရှောက်သွားနေစဉ် အပြင်မှတံခါးကို ရိုက်ဖျက်ပြီး ဝင်ရောက်ခါ ဓါးဖြင့်ခုတ်ပါတယ်၊တစ်ယောက်မှာ ခင်မောင်ဝင်း အသက်(၂၃)နှစ် ရခိုင်လူမျိုး ဓါးဒဏ်ရာ ပြင်းထန်စွာဖြင့် အရေးပေါ်ဌာန ကွာလာလန်ပူ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပါသည်။
နှစ်ယောက်မှာ ပျောက်ဆုံးနေပါသည် ကျန်သုံးယောက်မှာ လွတ်မြောက်သွားကြောင်း ဖုန်းဖြင့် ဆက်သွယ် ပြောကြားပါသည်။ ယခုမလေးရှား၏ အခြေအနေသည် မြန်မာနိုင်ငံသားများအတွက် လုံခြုံမှု မရှိတော့ပါ။မလေးရှားရဲတပ်ဖွဲ့မှ မြို့နယ်များတွင် အော်ပရာစီများ ပြုလုပ်ခြင်းသည် နိုင်ငံခြားသားများအတွက် အနိုင်ကျင့်ခံရသလို ဖြစ်နေပါသည်။ဖမ်းစီးခံရသူများထဲမှ ခေါ်ယူစစ်ဆေးခံရသူများအား မလေးရှားရဲများမှ ငွေကြေးတောင်းခံခြင်းများ တယ်လီဖုန်းများ သိမ်းယူခြင်းများနှင့် ကြုံတွေ့ရပါသည်။ မလေးရှားရှိ ကပ်ပုန်း နာရေးကူညီမှု အသင်း ဥက္ကဌ ကိုဆန်းဝင်းမှ ပေးပို့လာခြင်း ဖြစ်ပါသည်။
Kyawko Kokyaw
Copy from - Myanmar Daily News
Copy from - Myanmar Daily News
0 comments:
Post a Comment