ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ကေအိုင်အိုကြား စစ်ပွဲတွေပြန်လည်ဖြစ်ပွားလာခဲ့တာ ဇွန်လ ၉ ရက်နေ့မှာ နှစ်, နှစ်ပြည့်ပြီဖြစ်တယ်။ စစ်ပွဲနှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ပြုလုပ်ကြတဲ့ လူထုအခြေပြုအဖွဲ့အစည်းပေါင်း ၁၈ ဖွဲ့ကိုယ်စား ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ဒေါ်ခွန်ဂျာက ဒီနေ့ရက်ရဲ့ အရေးကြီးပုံကို ပြောကြားသွားပါသည်။
ဇွန်လ ၉ ရက်နေ့ ရန်ကုန်မှာပြုလုပ်မဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားမှာ လမ်းလျောက်ချီတက်ခြင်း၊ ဘာသာပေါင်းစုံ ဆုတောင်းပွဲ၊ ဖျော်ဖြေတင်ဆက်မှု၊ စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ တစ်ဦးရဲ့ မိမိအတွေ့အကြုံကို ပြန်လည်ဝေငှခြင်း၊ စစ်ပွဲနောက်ကွယ်မျှော်လင့်ချက်များ (Hopes Behind War) မှတ်တမ်းတင် ဗီဒီယိုကိုပြသခြင်း၊ ပဋိပက္ခများနှင့် ငြိမ်ချမ်းရေးဖြစ်စဉ်ကို မီဒီယာတွေရဲ့ ပြန်လည် ဖော်ပြမှုအပေါ် အသိအမှတ်ပြု မှတ်တမ်းတင်ခြင်းနှင့် စုပေါင်း ထုတ်ပြန်ကြေညာချက်ကို ရှင်းလင်း တင်ပြခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်..........

Video by - BurmaPartnership

စစ်ပွဲနှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား (USA)

စစ်ပွဲနှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား(UK)
Photo by - Jade Land
0 comments:
Post a Comment