Friday, June 14, 2013

ထွန်တုံးတိုက်ပွဲ အရေးပေါ်သတင်း ကို လက်ဆင့်ကမ်းလိုက်ပါတယ်။

နတ်တလင်းမြို့နယ် သဲမခမ်း ကျေးရွာတွင် လယ်ယာမြေဆုံးရှုံးမှု့အတွက် ထွန်တုံး တိုက်ပွဲဝင်ရန် ကြိုးပမ်း နေကြသော တောင်သူလယ်သမားများ၏ ဖိတ်ခေါ်မှု့အရ နိုင်ငံသား တစ်ဦးအနေနှင့် တာဝန်သိစွာ ရောက်ရှိနေကြသော မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ဒေါ်မြင့်မြင့်အေး ၊ နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်မှ ဒေါ်ခင်မိမိခိုင် နှင့် နတ်တလင်းမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ဒေသခံ ကိုသန့်ဇင်ထက်တို့အား မနေ့က (10.6.2013) နေ့က အာဏာပိုင်များက ဆင့်ခေါ်ခဲ့ပါတယ် ။ သို့ပေမယ့် ရာသီဥတုအခြေအနေကြောင့် နောက်ရက်များမှ လာရောက်၍ ရပါသည်ဟု အာဏာပိုင်များက ပြောဆိုခဲ့သော်လည်း ယနေ့မနက် ၁၀ နာရီတွင် ၎င်းတို့သုံးဦးအား အာဏာပိုင်များမှ ဖမ်းဆီးခေါ်ဆောင်သွားကာ ပိုင်နက်ကျုးလွန်မှု ၊ နိုင်ငံရေးအရ ဆူပူလှုံ့ဆော်မှု့တို့ဖြင့် တရားရုံးတွင် ချက်ခြင်း ရုံးထုတ်ကာ ပေါင်းတည်ထောင်သို့ ပို့ဆောင်ခဲ့ပါတယ် ။ ထို့အတူ ပြည်မြို့ တွင်လည်း ထွန်တုံးတိုက်ပွဲဝင်နေသော ပြည်မြို့မှ လယ်သမားခေါင်းဆောင် ကိုဝင်းလှိုင်အား ပုဒ်မ ၁၈ သုံးခုဖြင့် တစ်မှု့လျှင် အလုပ်ကြမ်းနှင့်ထောင်ဒါဏ် တစ်လစီ ကျခံစေခြင်းဖြင့် ထောင်သုံးလ ကျခံစေကာ ပြည်ထောင်တွင် ထိန်းသိမ်း ဖမ်းဆီးထားပါသည် ။
ယနေ့ကာလတွင် ဒီမိုကရေစီစနစ်သို့ ဦးတည်နေပြီဟု အသံကောင်းဟစ်ကြွေးကာ ဒီမိုကရေစီ မျက်နှာဖုံး စွတ်ထားသော်လည်း တစ်တိုင်းပြည်လုံးတွင် ကိုလိုနီခေတ်စနစ်ကဲ့သို့ လယ်သိမ်းယာသိမ်းများ မကြာခဏဖြစ်ပေါ်နေပါသည်။ မြန်မာပြည်သူလူထု၏ စားနပ်ရိက္ခာအား ဖန်တီးပေးနေသော အဖိနှိပ်ခံ တောင်သူလယ်သမားများဘက်မှ ရပ်တည်နေသော လူထုခေါင်းဆောင်များအတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြပါရန် နှိုးဆော်အပ်ပါသည်။
ဆက်သွယ်ရန် -
ဒေါ်မြင့်မြင့်အေး - 09 205 9904
ဒေါ်ခင်မိမိခိုင် - 09 421 035 164
ကိုသန့်ဇင်ထက် - 09 495 119 02
ကိုဝင်းလှိုင် (ပြည်) 09 423 701 409 ( မဇင်မာဝင်း ဖုန်းကိုင်ထားသည်)

0 comments: