Friday, June 7, 2013

ပြည်တွင်းငြိမ်းချမ်းရေးအတွက် တကမ္ဘာလုံးရှိ ကချင်လှုပ်ရှားမှု(ဂျပန်)။

 
၂၀၁၃ ခုနှစ် ဇွန်လ (၇)ရက်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အပြီး သမ္မတ ဦးသိန်းစိန်အစိုးရ အာဏာရ တက်လာပြီး နောက်ပိုင်း ပြည်တွင်းစစ်မီးဟာ ကချင်ဒေသအပြင် တခြားတိုင်းရင်းသား ဒေသများဆီသို့ ကူးစက် တောက်လောင် လာခဲ့တာ ၂ နှစ် ရှိလာခဲ့ပြီဖြစ်သည်။


 ပြည်တွင်းငြိမ်းချမ်းရေး တနိုင်ငံလုံး အတိုင်းအတာ ချက်ခြင်း အပစ်အခတ် ရပ်စဲရေး ဖက်ဒရယ်ဒီမိုကရေစီ အခြေခံမူများကို နိုင်ငံရေးအရ အဖြေရှာမှု နည်းလမ်းဖြင့် ချမှတ်နိုင်ရန် တောင်းဆိုသည့် Global Campaign လှုပ်ရှားမှုကို နိုင်ငံတကာရောက် ကချင်တိုင်းရင်းသားများနှင့်အတူ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှလည်း ပူပေါင်း ပါဝင်သည့် တောင်းဆို ဆန္ဒပြပွဲကို ကျင်းပခဲ့ကြပါသည်။
 
 
 
 

ဆန္ဒပြပွဲကို တိုကျို Shibuyaရှိ UN အဆောက်အဦးရှေ့တွင် ယနေ့ ညနေ ၃း၀၀ နာရီမှ ၅း၀၀ နာရီ အထိ ကျင်းပခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသည့် ကချင်ဒေသ အခြေအနေနှင့် တိုက်တွန်းတောင်းဆိုသည့် ထုတ်ပြန်ချက်တစောင် ပေးပို့ခဲ့ကြကြောင်း သိရှိရပါသည်။

Mai Kyaw Oo
မှတ်တမ်းပုံများ

0 comments: