Saturday, June 8, 2013

လက်ပံတောင်းတောင်ကို မုံရွာဘက်ကမ်းမှလှမ်းကြည့်သူအား အလုပ်ကြမ်းနှင့်ထောင်ဒဏ်တစ် နှစ်ချမှတ်


မုံရွာ၊ဇွန် ၇ လက်ပံတောင်းတောင် ပျောက်ကွယ်မည့် အရေးကို နှမျှောတသသူများက မုံရွာမြို့၏ ချင်းတွင်း ဆိပ်ကမ်းတွင် ဆည်းဆာချိန်များ၌ တောင်ကြည့်ပွဲ ကျင်ပပြုလုပ်လေ့ရှိရာ သက်ဆိုင်ရာ အာဏာပိုင်များမှ ငြိမ်းချမ်းစွာစီ တန်းလှည့်လှယ်ခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့် ဥပဒေများအရ ချိုးဖောက် ကျူးလွန်သည်ဟု ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်ကျခံစေရန် ယခုလ(၆) ရက်နေ့ ၊ ညနေ ၃ နာရီအချိန်ခန့်က မုံရွာမြို့နယ် တရားရုံးမှ စီရင်ချက် ချမှတ်လိုက်ကြောင်း မုံရွာမြို့ခံ တစ်ဦးက monywa times သတင်းဌာနသို့ ပြောကြားသည်။

“ မုံရွာ အမှတ်(၁) ရဲစခန်း (ပ) ၇၃၁/ ၂၀၁၂ ငြိမ်းချမ်းစွာ စီတန်းလှည့်လှယ်ခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့် ဆိုင်ရာဥပဒေ ပုဒ်မ ၁၈ အရ လက်ပံတောင်းတောင် ကယ်တင်ရေး ကော်မတီက ဦးမြင့်အောင်ဆိုသူကို ရေးဖွင့်ထားတဲ့ အမှုနဲ့ တရားစွဲပြီး အရေးယူခဲ့တာ ဖြစ်ပါတယ်..” ဟု ၎င်း အမှုအား လိုက်ပါ ဆောင်ရွက်နေသူ အကြီး တန်းရဲအရာရှိတစ်ဦးမှ ဆိုသည်။

 လက်ပံတောင်းတောင် ကြည့်ပွဲကျင်းပပြုလုပ်ရာတွင် ဦးဆောင်ပါဝင်သူလို့ ထင်ရှားတဲ့အတွက် အမိန့်ချမှတ် ခဲ့တာဖြစ်ပါတယ်။ အမှုတွဲနှင့် ပတ်သက်ပြီး ရဲစွဲချက်အပေါ် မုံရွာမြို့နယ် တရားရုံးမှ ပြစ်မှုကြီးဆိုင်ရာ
အမှုအမှတ် ၂၀၄၀/၂၀၁၃ အရ လက်ခံ ကြားနာစစ်ဆေးပြီး ပြစ်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်..” ဟု တရားရုံး ၀န်ထမ်းတစ်ဦး မှလည်း ဆိုသည်။

လက်ပံတောင်းတောင် ကြည့်ပွဲတွင် ပါဝင်သည်ဟုဆိုကာ တရားရုံး၏ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ ဦးမြင့် အောင်ဆိုသူအား သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့မှ ယနေ့ ညနေပိုင်းအချိန်က မုံရွာအကျဉ်ထောင်သို့ သွားရောက်ပို့ ဆောင်ခဲ့ရာ အကျဉ်ထောင်က ထောင်ဝင် အမှတ် မရ/၁၃/၀၀၃၁၁ အရ လက်ခံခဲ့ကြောင်း အကျဉ်းဦးစီးဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားကြောင်း သိရသည်။

ဒေါက်တာ တိုင်းကျော်


Copy from - Monywa Times(FB) သတင်းစာမျက်နှာမှ

0 comments: