Monday, June 10, 2013

ရှစ်လေးလုံး ငွေရတုအတွက် ဆရာတော်များကြိုတင်ပင့်လျှောက်ပွဲပြုလုပ်..

 
ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနား ကျင်းပရေး ဆရာတော် သံဃာတော်များအား ကြိုတင် ပင့်လျှောက်ပွဲ အခမ်းအနားကျင်းပ ယနေ့ ဇွန်လ၊ ၁၀ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အခမ်းအနား ကျင်းပရေး နှင့် ပတ်သက်၍ ဆရာတော် သံဃာတော်များအား ကြိုတင် ပင့်လျှောက်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြသည်။
 
အဆိုပါ အခမ်းအနားသို့ ပင့်ဖိတ်ထားသော ဆရာတော် သံဃာတော် စုစုပေါင်း(၆၄)ပါး ကြွရောက်တော်မူကြပြီး ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အခမ်းအနားကျင်းပရေး လုပ်ငန်း ကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ အခြားအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
 
 
အခမ်းအနားတွင် မမီးမီးက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး ကိုတိုးကျော်လှိုင်က ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားကျင်းပရေးအတွက် စီစဉ် ဆောင်ရွက်ထားရှိမှုများကို လျှောက်ထားခဲ့သည်။ ယင်းနောက် ဆရာတော် ဦးပညိန္ဒ၊ ဆရာတော် ဦးပဏ္ဍဝံသ၊ ဆရာတော် ဦးနန္ဒမာလာ၊ ဆရာတော် ဦးဇဝန တို့က ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား ကျင်းပရေးနှင့် ပတ်သက်၍ အကြံပြု မိန့်ကြားခဲ့ကြပြီး နံနက် ၁၀း၄၅ နာရီတွင် အခမ်းအနားကို ရုပ်သိမ်းကာ ဆရာတော်များအား နေ့ဆွမ်း ဆပ်ကပ်လှုဒါန်းခဲ့ကြသည်။
 
Copy from - The 88 Generation Peace and Open Society

0 comments: