Wednesday, June 5, 2013

နမ့်ဆန်ဘက်မှာ ဗမာတပ်နဲ့ ထပ်ချနေပြီ ...........



၎ ရက်ဇွန်လ အခု ညနေ ၁၇း၂၅ နာရီအချိန်မှာ နမ့်ဆန်မြို့နယ် အထက်မန်လွယ်နဲ့ တောင်ကျော်ရွာကြားမှာ တအာင်းတပ်ဖွဲ့ တပ်ရင်း ၂၅၆ နဲ့ မြန်မာတပ် ခလရ ၃၂၄- ခမရ ၅၀၂ တပ်ဖွဲ့ တိုက်ပွဲ စတင်ဖြစ်နေပါတယ်။

 တိုက်ပွဲက စတင်နေဆဲမို့ မြန်မာတပ်က အကျအဆုံးကို မသိရသေးပါဘူး။ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့တုန်းက နမ့်ဆန်မြို့အနီး အိုမ်ဝါရ်နဲ့ ပန်ယမ်းရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့ပြီး မြန်မာဘက်က ၆ ယောက် ကျဆုံးပြီး အများအပြား ဒါဏ်ရာ ရရှိခဲ့ပါတယ်။

အဲတာကြောင့် ငွန်ဆိုင်းပြည့်သူ့စစ် ထွန်းမြတ်လေး အပါအ၀င် မြန်မာစစ်တပ်က စိတ်တိုပြီး ဘာမှမဆိုင်တဲ့ ပန်ယမ်းရွာက အသက်၈၀ကျော် တာအိုက်အေးကို သေနတ်နဲ့ပစ်တဲ့အပြင် တအိမ်လုံးကို သေနတ်နဲ့လျှောက်ပစ်ခဲ့ပါတယ်

အခုလည်း နမ့်ခမ်းမြို့ဘက် ကနေ မြန်မာစစ်တပ် ၁၀၀ ကျော် TNLA တပ်ရင် ၁၁၂ ရှိရာဒေသဖြစ်တဲ့ ကွတ်ခိုင်နဲ့ နမ့်ခမ်း မြို့နယ်အစပ်ကို စစ်အင်အားထပ်ဖြည့်ဖို့ တက်သွားပါပြီ။

မနေ့တုန်းကလည်းပဲ တအာင်းတပ်ရင် ၄၇၈ ရှိရာ နမ့်ခမ်း-မန်တုံအစပ်ဘက်ကို အင်အား ၁၀၀ ကျော် ထပ်တက်သွားပြီး။ ကချင်ပြည်နယ် မန်ဝိန်းကြီး ဘက်ကိုလည်း ၂၀၀ ကျော် တက်သွားတယ်လို့ သိရပါတယ်။
 
BY - Taang Tea Land

0 comments: