ရန်ကုန်- မြန်မာနိုင်ငံသည် ကမ္ဘာ့ဒုက္ခသည်အများဆုံးရှိသော ၁၀ နိုင်ငံတွင်ပါဝင်ပြီး အဆင့် ၇ နေရာတွင် ရပ်တည်နေကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ ဇွန် ၁၉ ရက်ထုတ် အစီရင်ခံစာတွင်ဖော်ပြထားသည်။
၂၀၁၂ခုနှစ်အထိ တစ်ကမ္ဘာလုံးတွင် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသော ဒုက္ခသည်ပေါင်း ၄၅ ဒသမ ၂ သန်းရှိပြီး မြန်မာနိုင်ငံတွင် ဒုက္ခသည်လေးသိန်းကျော်ရှိကြောင်း
သို့သော်မြန်မာနိုင်ငံ၌ ဒုတိယမြောက်အဆင်းရဲဆုံးပြည်နယ်ြ
ယင်းရွှေ့ပြောင်းဒုက္ခသည်များသည် သဘာဝဘေးအန္တရာယ်များ၊ ၂၀၁၂ခုနှစ်အတွင်း အကြောင်း အမျိုးမျိုးကြောင့် နေရပ်များကို စွန့်ခွာနေရသူများဖြစ်ပြီး အကူအညီများပေးအပ်ရန်လိုအပ်ကြောင
ထို့ပြင် ၂၀၁၁ခုနှစ် ဇွန်လတွင် အစိုးရနှင့် ကေအိုင်အေကြား ပြန်လည်ဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်ဒေသများကို စွန့်ခွာ၍ စစ်ဘေးဒုက္ခသည်စခန်းများတွင် တိမ်းရှောင်နေသူပေါင်း တစ်သိန်းကျော်ရှိကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော
မြန်မာနိုင်ငံ၌ ရွှေ့ပြောင်း ဒုက္ခသည်(IDPs) ခုနစ်သိန်းခန့် ရှိပြီး အိမ်နီးချင်းနိုင်ငံများတွင်လည်
UNHCR ၏ အစီအရင်ခံစာတွင် ဒုက္ခသည်ပေါင်း နှစ်သန်းခွဲ ဖြင့် အာဖဂန်နစ္စတန်နိုင်ငံသည်ဒုက္ခ သည် အများဆုံးဖြစ်ပြီး ယင်းနောက်တွင် ဆိုမာလီယာ၊ အီရတ်၊ ဆီးရီးယားနှင့် ဆူဒန်နိုင်ငံတို့က အစီအစဉ်အလိုက် ရပ်တည်နေကြောင်း ဖော်ပြထားသည်။ “ဒီဟာတွေက တကယ်ပဲ သတိပေးနေတဲ့ ကိန်းဂဏန်းတွေပါ။ ဒီကိန်းဂဏန်းတွေဟာ ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ဒုက္ခတွေကို ကြီးမားတဲ့ အတိုင်းအတာနဲ့ ဖော်ပြနေပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ပဋိပက္ခ တားဆီးရေးတွေ၊ အခက်အခဲတွေကို အချိန်မီ ဖြေရှင်းဖို့လိုအပ် နေတယ်လို့ ဖော်ပြနေပါတယ်”ဟု UNHCR ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres ကပြောကြားသည်။
Copy from - 7Day News Journal
0 comments:
Post a Comment