
Sunday, June 02, 2013
မေလ ၃၀ ရက်က ပါကစ္စ တန်အနောက်မြောက်ပိုင်း တာလီဘန်တို့ အခြေပြုရာ နေရာတစ်ခု ကို အမေရိကန်တို့က ဒရုန်းလေ ယာဉ်များဖြင့် တိုက်ခိုက်ခဲ့ရာ တာလီဘန် စစ်သွေးကြွ ၅ ဦး သေဆုံးသည်ဟု အာဏာပိုင်များ က ပြောကြားသည်။ သေဆုံးသူ များထဲတွင် တာလီဘန်တို့၏ ဒုတိယ တပ်မှူးကြီး (The second in connand) ၀ါလီအာရီမန်(Wali we Rehman)ပါဝင်သည် ဟု ယူဆရကြောင်း ထည့်သွင်း ပြောကြားသည်။ ရီမန်သည် ]]Tehreek-e-Taleban-Pakist an, TTP)အဖွဲ့၏ ဒုတိယခေါင်း ဆောင်ဖြစ်ပြီး အဆိုပါအဖွဲ့ခေါင်း ဆောင်ဖြစ်သူဟာ ကင်အူလာမယ် ဆွတ်၏ အရိုက်အရာကို ဆက်ခံ မည့်သူအဖြစ် နာမည်ကြီးနေသူ ဖြစ်သည်။ သို့သော်TTP ပြော ခွင့်ရပုဂိ္ဂုလ်ကမူ ““ရီမန်သေတယ် ဆိုတာမဟုတ်””ဟု ငြင်းချက်ထုတ် ထားသည်။
ပါကစ္စတန် အာဏာပိုင်များ က အမေရိကန် ဒရုန်းလေယာဉ် တစ်စီးသည် မေလ ၃၀ ရက်က ဒုံးကျည်နှစ်လုံးဖြင့် ပစ်ခတ်ခဲ့ပြီး နောက် ပါကစ္စတန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အဆိုပါ သတင်းကို ထုတ်ပြန်ခြင်း ဖြစ်သည်။ ပါကစ္စ တန်အစိုးရအနေဖြင့် ဒရုန်းလေ ယာဉ်ဖြင့် တိုက်ခိုက်ခြင်းမှာ အရပ် သူ၊ အရပ်သားများကို ထိခိုက်စေ သဖြင့် လူ့အခွင့်အရေး ချိုးဖောက် ခြင်းသာမက ပါကစ္စတန်၏ အချုပ်အခြာ အာဏာကို ထိပါး ခြင်းလည်းဖြစ်သည်ဟု အမေရိ ကန်တို့အား ဝေဖန်ပြောကြား သည်။ အမေရိကန်က ယခုကဲ့သို့ ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ၀န်ကြီးချုပ်သစ်န၀ပ်ရှာ ရစ်ဖ်က တာလီဘန်တို့နှင့် ဆွေး နွေးရန် ကမ်းလှမ်းချက်ကို တာလီဘန်တို့က လက်မခံတော့ကြောင်း နှင့် ဆွေးနွေးပွဲများ ဖျက်သိမ်း ကြောင်း တာလီဘန်တို့က ပြော ကြားသည်။
၂၀၀၄ ခုနှစ်ကလည်း တောင်ပိုင်း ၀ါဇီရစ်္စတန်ပြည် နယ်တွင် အမေရိကန် ဒရုန်းလေယာဉ်များ တိုက်ခိုက်မှုကြောင့် တာလီဘန် ခေါင်းဆောင် ဘီကျူလာမယ်ဆွတ် သေဆုံးခဲ့ရသဖြင့် ပါကစ္စတန် တာလီဘန် ဆွေးနွေးပွဲပျက် ခဲ့သည်။
Copy from - The Hot News
မေလ ၃၀ ရက်က ပါကစ္စ တန်အနောက်မြောက်ပိုင်း တာလီဘန်တို့ အခြေပြုရာ နေရာတစ်ခု ကို အမေရိကန်တို့က ဒရုန်းလေ ယာဉ်များဖြင့် တိုက်ခိုက်ခဲ့ရာ တာလီဘန် စစ်သွေးကြွ ၅ ဦး သေဆုံးသည်ဟု အာဏာပိုင်များ က ပြောကြားသည်။ သေဆုံးသူ များထဲတွင် တာလီဘန်တို့၏ ဒုတိယ တပ်မှူးကြီး (The second in connand) ၀ါလီအာရီမန်(Wali we Rehman)ပါဝင်သည် ဟု ယူဆရကြောင်း ထည့်သွင်း ပြောကြားသည်။ ရီမန်သည် ]]Tehreek-e-Taleban-Pakist
ပါကစ္စတန် အာဏာပိုင်များ က အမေရိကန် ဒရုန်းလေယာဉ် တစ်စီးသည် မေလ ၃၀ ရက်က ဒုံးကျည်နှစ်လုံးဖြင့် ပစ်ခတ်ခဲ့ပြီး နောက် ပါကစ္စတန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အဆိုပါ သတင်းကို ထုတ်ပြန်ခြင်း ဖြစ်သည်။ ပါကစ္စ တန်အစိုးရအနေဖြင့် ဒရုန်းလေ ယာဉ်ဖြင့် တိုက်ခိုက်ခြင်းမှ
၂၀၀၄ ခုနှစ်ကလည်း တောင်ပိုင်း ၀ါဇီရစ်္စတန်ပြည်
Copy from - The Hot News
0 comments:
Post a Comment