Monday, June 3, 2013

စစ်တွေတွင် ဆန္ဒဖော်ထုတ်မည်

 
 
ဒေသံန္တရအမိန့်အား ထောက်ခံကြိုဆိုသည့်အနေဖြင့် စစ်တွေမြို့တွင် ဇွန်လ ၄ ရက်နေ့၌ ဆန္ဒဖော်ထုတ်မှု တစ်ရပ်ကို ပြုလုပ်သွားမည် -
 
ရခိုင်ပြည်နယ် မောင်တောခရိုင်၌ ထုတ်ပြန်ထားသော ဒေသံန္တရအမိန့်အား ထောက်ခံကြိုဆိုသည့် အနေဖြင့် ဇွန်လ ၄ ရက်နေ့၌ ဆန္ဒဖော်ထုတ်မှု တစ်ရပ်ကို စစ်တွေမြို့တွင်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
 
ထိုဆန္ဒထုတ်ဖော်မှုအား စစ်တွေမြို့ရှိ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်း တော်များအဖွဲ့မှ ဦးဆောင် ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၃ ရက်နေ့ နေ့လည်ပိုင်းက စစ်တွေမြို့ရှိလူမှုအဖွဲ့အစည်းများ၊ ပါတီများ၊ မြို့မိမြို့ဖများ အားလုံးပါဝင်သောအစည်း အဝေးတွင်ဆုံး ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
မောင်တောခရိုင်အတွင်း ထုတ်ပြန်ထားသော ဒေသန္တရ အမိန့်တွင် ဘင်္ဂလီများအနေဖြင့် ကလေး ၂ ဦးထက် ပိုမယူရေး၊ တစ်လင်တစ်မယား စနစ်ကျင့်သုံးရေး အစရှိသော ပြဌာန်းချက်များ ပါဝင်ကြောင်း သိရသည်။
 
ယင်းနှင့်ပတ်သက်ပြီး ယနေ့အစည်းဝေးတွင် အမျိုးသားဒီမိုကရေစီပါတီ(စစ်တွေ)မှ တာဝန်ရှိသူများ အပါအ၀င် စစ်တွေမြို့တွင်ရှိသော ပါတီများအားလုံးမှ လည်း ဆန္ဒဖော်ထုတ်မှုကို ထောက်ခံခဲ့ကြောင်း သိရသည်။
 
အင်တာနက်သတင်းစာမျက်နှာမှ

0 comments: