
ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း (ဗိုလ်မှုးချုပ်ဟောင်း) နေအိမ်အကျယ်ချုပ်ဖြင့် စစ်ဆေးခံနေရသည်။ ကန်ဒေါ်လာ၂သန်းပါသော လက်ဆွဲအိတ်တခု သူ၏နေအိမ်တွင် သိမ်းဆည်းရမိသည်ဟု ဆိုသည်။ ယခင်ဆက်သွယ်ရေးဝန်ကြီးဖြစ်သူ ဦးသိန်းဇော် (ယခု ကချင်ပြည်နယ်ဝန်ကြီး) လည်း စစ်ဆေးခံရသည်ဟု ဆိုသည်။
ထိပ်ပိုင်း လူကြီး ၆၀အနက် ၂၀မှာ ယာယီထိန်းသိမ်း ခံထားရသည်။ တရုပ်ကုမ္ပဏီ Huawei and ZTE တို့က အလွန် အမြက်စွန်းရှိသော ဆက်သွယ်ရေး ကန်ထရိုက်များ ရရန်ကြိုးစားကြနေကြပါသည်။ ၂၀၀၄ခုနှစ်က ZTE သည် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ကန်ဒေါ်လာသန်း၁၅၀ ချေးငှားပြီး ဆက်သွယ်ရေး ၀ါယာကြိုးများ ရော င်းချခဲ့ရာ ကမ္ဘာ့ပေါက်ဈေးထက် ၁၀ဆ ဈေးကြီးပြီး ရောင်းခဲ့သည်။ ဆက်သွယ်ရေး ကန်ထရိုက်များအတွ က် ထူးကုမ္ပဏီအုပ်စု အီလိုက်နှင့်ရက်လင့် တို့လည်း စစ်ဆေးခံနေရသည်။
ယခင် စီမံဘဏ္ဍာဝန်ကြီး ဦးလှထွန်းက ခြစားမှုများကို စီစစ်နေသည်။ ဦးလှထွန်းသည် သမ္မတဦးသိန်းစိန်နှင့်နီးစပ် သူဖြစ်သည်။
ယခင် ငါးလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိန်းလည်းစစ်ဆေးခံရပြီးနောက် အထက်တန်းအရာရှိ ဦးခင်ကိုလေးသည် ချက်ချင်းတာဝန်မှရပ်နားခံရသ ည်။ ယခု ငါးလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့် ပြင်သစ်နိုင်ငံသွားမည့်ခရီး စဉ် ဖြက်သိမ်းခံရပြီး ကချင်ငြိမ်းချမ်းရေး အရာရှိအဖြစ် တာဝန်ပြောင်းခံရသည်။ ပြင်သစ်ကုမ္ပဏီနှင့် မဖေါ်ပြနိုင်သောကိစ္စရှိသည်ဟု သိရသည်။
ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို စစ်ဆေးခံရပြီး၊ သူ့ကိုယ်ရေးအရာရှိမှာ တာဝန်မှရပ်နားခံရသည်။
စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လှိုင်လည်း မြန်မာနိုင်ငံနှင့်မသင့်လျှော်သော ဈေးကြီးသည့် ဟိုက်ဘရစ်ဆန်စက်များတင်သွင်းမှုနှင့်ပတ်သက်ပြီး စစ်ဆေးခံနေရသည်။
အတိုက်အခံ အင်အယ်ဒီပါတီ ပြောဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ခြစားမှုထင်ရှားလျှင် ပြစ်ဒဏ်ချရန်လိုသည်ဟု ဆိုသည်။ ကြံခိုင်ရေးပါတီ ဥက္ကဌဦးဌေးဦးမှာ ခြစားမှုကိစ္စအတွက် အင်အယ်ဒီပါတီ အဆိုပြုချက်ကို ပယ်ချလိုက်သည်။ သူတို့သည် ခြမစားပါ။ ခြစားမှုကို တိုက်ဖျက်နေသူများ ဖြစ်သည်ဟု ဆိုသည်။ ကြံခိုင်ရေးပါတီတွင် ယခင်အစိုးရ အရာရှိဟောင်းများစွာ ရှိသည်။
ယခင် စီမံဘဏ္ဍာဝန်ကြီး ဦးလှထွန်းက ခြစားမှုများကို စီစစ်နေသည်။ ဦးလှထွန်းသည် သမ္မတဦးသိန်းစိန်နှင့်နီးစပ်
ယခင် ငါးလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိန်းလည်းစစ်ဆေ
ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို စစ်ဆေးခံရပြီး၊ သူ့ကိုယ်ရေးအရာရှိမှာ တာဝန်မှရပ်နားခံရသည်။
စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လှိုင်လည်း မြန်မာနိုင်ငံနှင့်မသင့်လှေ
အတိုက်အခံ အင်အယ်ဒီပါတီ ပြောဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ခြစားမှုထင်ရှားလျှင် ပြစ်ဒဏ်ချရန်လိုသည်ဟု ဆိုသည်။ ကြံခိုင်ရေးပါတီ ဥက္ကဌဦးဌေးဦးမှာ ခြစားမှုကိစ္စအတွက် အင်အယ်ဒီပါတီ အဆိုပြုချက်ကို ပယ်ချလိုက်သည်။ သူတို့သည် ခြမစားပါ။ ခြစားမှုကို တိုက်ဖျက်နေသူများ ဖြစ်သည်ဟု ဆိုသည်။ ကြံခိုင်ရေးပါတီတွင် ယခင်အစိုးရ အရာရှိဟောင်းများစွာ ရှိသည်။
- by Larry Jagan
Copy from - Pyay Chit Thu(FB)သတင်း
0 comments:
Post a Comment